Chapter《50》

1.9K 365 6
                                    


『Unicode』

နောက်တစ်နေ့ နံနက်၌ တိတိကျကျဆိုရင် မနက်အစောကြီးမှာပဲ ၅:၃၀တွင် အန်းနင် ချင်ဝေ့ဟော်ထံမှ နှိူးခံလိုက်ရသည်။သူ အရမ်းကို အိပ်ချင်နေသဖြင့် အနှီ ခပ်အောအောအသံက အိပ်မက်ထဲကို ရောက်လာတယ်လို့တောင် ထင်လိုက်မိ​၏။ သူ့ပုခုံးတွေ ကိုင်ပြီး တွန်းခံလိုက်ရမှ သူ့အိပ်မက်ကနေ နှိူးလာခဲ့သည်။ သူ့မျက်လုံးတွေ ပွင့်လာတဲ့အခါမှာတော့ ချင်ဝေ့ဟော်ရဲ့ အသံက သူနဲ့ ဝေးကွာသွားခဲ့ပြီပင်။

စားပွဲတင် မီးအိမ်လေးတစ်ခုကသာ အခန်းထဲတွင် ဖွင့်ထားသည်။ ထိုအချိန်တွင် အိပ်ဆောင်ရဲ့ မီးကလဲ မဖွင့်ပေးသေးပေ။

မနေ့ညက နောက်ဆုံးမြင်ကွင်းကို လိုက်ကြည့်နေသလိုပင်။

စားပွဲရှေ့မှာ ရပ်နေတဲ့ ချင်ဝေ့ဟော်ရဲ့ စားပွဲရှေ့တွင် မီးခိုးရောင် အင်္ကျီကို နောက်ကျောဖုံးရန် ဆွဲချနေပြီး ချင်ဝေ့ဟော်ရဲ့ကျောကို ကြည့်လိုက်ပြီးနောက် သူက သူ့ကို ပြန်ကြည့်လာခဲ့​၏။

"... အစောကြီး?" အန်းနင် ပြောလိုက်မိသည်။ သူ အပြင်ဘက် ကောင်းကင်ကြီးကို မကြည့်ပဲမနေနိုင်ခဲ့။ ၎င်းက မနေ့ညကချင်ဝေ့ဟော် ပြန်လာတုန်းကတိုင်း မှောင်မြဲမှောင်နေဆဲပင်။

"ငါနဲ့တူတူ တောထဲ တောင်တက်မသွားဘူးလား?"

မီးက အရမ်း မှိန်နေသဖြင့် အန်းနင်လဲ သူ့မျက်လုံးတွေကို ပွတ်လိုက်မိသည်။ အမှတ်တမဲ့နဲ့ ချင်ဝေ့ဟော်ကို ကြည့်ဖို့ကြိုးစားလိုက်ပေမယ့် သူ မျက်မှန်ဝတ်မထားဆိုတာ သဘောပေါက်လိုက်သဖြင့် သူ ဘယ်လောက်ပဲပွတ်ပွတ် မြင်ရမှာမဟုတ်ပေ။ ချင်ဝေ့ဟော်က ကူညီလိုဟန်နဲ့ ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီး

"ဒီအချိန်သွားရတာက အရမ်းကို အဆင်ပြေတာ"

နှစ်ယောက်သား စက္ကန့်အနည်းငယ်မျှ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေမိကြပြီးနောက် ချင်ဝေ့ဟော်က လှည့်ထွက်သွား​၏။ သူက စာရေးခုံဆီကို ပြန်သွားပြီး ရှူးဖိနပ်ဝတ်ရန် ထိုင်ချလိုက်သည်။ ထို့နောက် ခေါင်းမမော့လာပါဘဲ,

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now