Chapter《14》

2.4K 513 3
                                    


『Unicode』



ကျောက်တောင်တက်လေ့ကျင့်ရေးခန်းတွင် ချင်ဝေ့ဟော်က မြေပြင်တွင် ခြေချင်းလိမ်ထိုင်နေပြီး ဖုန်းကို ငုံ့ကြည့်နေခဲ့သည်။ ဖုန်းပေါ်တွင် အန်းနင် သူ့ကို replyပြန်ထားသော စာကြောင်းတစ်ခုရှိနေသည်။

≪ငါသေချာပေါက်ကို တနင်္ဂနွေနေ့ကျ လာခဲ့မှာပါ!≫

အန်းနင်က သူကတိတည်ထားသလိုမျိူးနဲ့ ဘာလို့သူ့ကို သီးခြား replyပြန်လာခဲ့မှန်း သူ နားမလည်ပါချေ။ messageကို ဘယ်လိုreplyပြန်လိုက်ရမလဲဆိုတာကိုလဲ သူမသိနေခဲ့။

ရပြီ ဟုတ်ပြီလား? မင်းမလာရင်တောင် အဆင်ပြေတယ်? တကယ်တော့ မင်း လာလာ ၊ မလာလာ တကယ်စိတ်ထဲမထားဘူး?

သူဘယ်လိုပဲ replyပါစေ ထူးဆန်းနေသည့် ပုံပေါ်နေသောကြောင့် သူ replyမလုပ်ဖြစ်တော့ပေ။ ဘာပဲဖြစ်ဖြစ်,ထိပ်ဆုံးကျောင်းသားလေးက စာကြည့်တိုက်လဲသွားနိုင်သလို ကျောက်တောင်တက်လေ့ကျင့်ရေးခန်းကိုလဲ သွားနိုင်တာပဲလေ ; ဒါက အလားတူနည်းလမ်းပါဘဲ။

ပုံရိပ်တစ်ခုက သူ့ရှေ့ကိုလျှောက်လာပြီး သူ့ကို လာပိတ်သည်။ ၎င်းမှာ ကျောက်တောင်တက်လေ့ကျင့်ရေးခန်းရဲ့ ဘောစ့်ယွီပင်။သူက ချင်ဝေ့ဟော်ကို ငုံ့ကြည့်ပြိးမှ မျက်ခုံးတွေပင့်သွားကာ ပြောလိုက်သည်။

"အခုမင်းမှာ သူငယ်ချင်းတွေရှိပြီပေါ့? WeChat groupတောင် ရှိနေပြီ?"

ချင်ဝေ့ဟော်က ဖုန်းကို ချလိုက်ပြီး ခေါင်းမော့ကာ မျက်မှောင်ကြုတ်သည်,"ဒါက ဘာကိုဆိုလိုချင်တာလဲ?"

သူ့အမူအရာမှာ စိတ်မပါလေဟန်ဖြင့် နောက်ကိုမှီထားကာ ပျင်းရိစွာထိုင်နေသော်လည်း သူမျက်မှောင်ကြုတ်လိုက်သောအခါခြိမ်းခြောက်ပြီး ဂရုမစိုက်သလို ခံစားလိုက်ရသည်။

ယွီရမ် နှုတ်ခမ်းများ ကွေးတက်သွားရ​၏,"ဘာလို့ အဲ့လောက် အထိမခံဖြစ်နေရတာလဲ?"

ချင်ဝေ့ဟော်က သူ့ဖုန်းကို sweatpantရဲ့ အိတ်ထောင်ထဲကို ထည့်လိုက်ပြီး ပြောသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now