Chapter《2》

4K 719 1
                                    


『Unicode』


စက်တင်ဘာမှ အောက်တိုဘာရောက်လာချိန်တွင် အတန်းထဲရှိလူများသည် တစ်ယောက်ကိုတစ်ယောက် အတော်လေး ကျွမ်းဝင်လာကြပြီဖြစ်သည်။ အခန်း​၏ ကော်မတီအသင်းဝင်များကိုလည်း ရွေးချယ်ပြီးပြီဖြစ်သည်။ အသင်းဝင်အသစ်များမှာ နေရာသုံးခုတွင် သတ်မှတ်ပေးခံရသည်။ အတန်းကော်မတီ လုပ်ဖို့စီစဉ်လိုက်တဲ့ ပထမဆုံးအရာကတော့ တစ်တန်းလုံးအပြင်တစ်ခါလောက်ထွက် ကစားကြဖို့ပင်။

တနင်္လာနေ့ မှူခင်းဆိုင်ရာ ဥပဒေအတန်းပြီးနောက် မော်နီတာနဲ့ကော်မတီအသင်းဝင်များက အထိမ်းအမှတ်အဖြစ် အားလုံး​၏ ထင်မြင်ချက်တို့ကို တောင်းခံလာခဲ့သည်။ အားလုံး​၏ တုံ့ပြန်ချက်တို့မှာ အထူးတလယ်ကောင်းမွန်နေခြင်းမရှိသော်လည်း ယေဘုယျအားဖြင့် စကားပြောလာတာမျိူးလဲမရှိခဲ့ပေ။

အတန်းမော်နီတာ ချောင်ကျန်းက အတန်းကို လှည့်ပတ်ကြည့်လိုက်ပြီး ပြောသည်။

"ဘယ်သူမငြင်းဘူးဆိုရင်, ဒီတစ်ပတ်အားလပ်ရက်ဆိုရင်ကော?"

"ဒီတစ်ပတ်က နည်းနည်းတော့ ရုတ်တရက်ဆန်လွန်းတယ်,"

အန်းနင်ရဲ့ရှေ့ခုံမှာထိုင်နေတဲ့ လျန်ရှန်ဟန်က ပြောလာသည်။

"ဘာပဲဖြစ်ဖြစ် အားလုံးက ကြိုတင် စီစဉ်ထားရဦးမှာလေ, နောက်ရက်သတ္တပတ်မဖြစ်သင့်ဘူးလား ?"

ဒီအိုင်ဒီယာကို ချက်ချင်းပင် ကျောင်းသားအများစုကထောက်ခံလာကြသဖြင့် ချောင်ကျန်းလဲ လက်ခံလိုက်၍ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပြီ, ဒါဆိုလဲ နောက်တစ်ပတ်အားလပ်ရက်ပေါ့! ငါ အသင်းဝင်တွေနဲ့ဘယ်ကိုသွားရမလဲဆိုတာ ဆွေးနွေးလိုက်ဥိမယ်."

အတန်းထဲမှ ကျောင်းသားများက စကားဖြတ်ပြောလာ​၏

"အရမ်းဝေးတဲ့နေရာမရွေးပါနဲ့."

"ကျေးဇူးပြုပြီး ဈေးမကြီးပါစေနဲ့! ကျွန်မတစ်လစာသုံးစရိတ်က ကုန်ခါနီးနေပြီ !"

ချောင်ကျန်းက ယုံကြည်စွာနဲ့ပင် ပြုံးပြလာသည်။

"မပူပါနဲ့, ငါလုပ်နေတာငါသိပါတယ်!"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now