Chapter 《32》

2.1K 462 4
                                    


『Unicode』


လန်ထျန်းနိုင်ငံမှ ပြန်လာသောအခါ အန်းနင်သည် နှစ်နာရီကျော်ကြာအောင် စာကြည့်တိုက်မှာစာလုပ်နေခဲ့သည်။ ညဘက်အန်းနင် အိပ်ဆောင်ကို ပြန်လာသောအခါ အခန်းထဲမှမီးက ပိတ်ထားသည်ကို မြင်လိုက်ရ​၏။ အခန်းထဲတွင် ဘယိသူမှမရှိလောက်ဟု သူထင်ခဲ့သော်လည်း သူ တံခါးဖွင့်လိုက်သောအခါ မျက်နှာချင်းဆိုင်အိပ်ရာမှာ ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။

ချင်ဝေ့ဟော် အိပ်ပျော်နေတယ်..အစောကြီးအိပ်တာလား?

ပုံမှန်ဆိုလျှင် ဒီအချိန်အန်းနင်ပြန်လာသည့်အခါ မအိပ်ခင်သူစာအုပ်တစ်အုပ်ကို ဖတ်နေတတ်ပေမယ့် ချင်ဝေ့ဟော်အစောကြီးအိပ်သွားလိမ့်မယ်လို့ သူမထင်မိခဲ့။ သူတုံ့ဆိုင်းသွားပြီး မီးမဖွင့်ရန်ဆုံးဖြတ်လိုက်သည်။ မျက်နှာချင်းဆိုင်အိပ်ဆောင်အဆောက်အအုံမှ မီးရောင်ဖြင့် သူဖွဖွလေး သန့်စင်ဆေးကြောလိုက်ကာ အိပ်ရာထဲဝင်လိုက်သည်။ သူဖုန်းကိုထုတ်ကြည့်လိုက်သောအခါ ၁၁:၀၀နာရီပင် မထိုးခဲ့သေး။

သူအိပ်ရာပေါ်မှာ လဲနေလိုက်ပြီး သူ့ခေါင်းထဲကစာလုံးတွေကို ရွတ်နေလိုက်သည်။

သူလှဲနေတုန်းမှာပဲ ချင်ဝေ့ဟော် လှည့်လာသည်ဟု ခံစားလိုက်ရသည်။

အန်းနင်လှည့်ကြည့်လိုက်ရာ ချင်ဝေ့ဟော်က စောင်ကိုကိုင်ထားပြီး ခြေတံရှည်တစ်ဖက်က စောင်ကို ဖိလျက် သူ့ကိုနောက်ကျောပေးထားသည်ကို မြင်လိုက်ရသည်။

သူ ထိုပုံရိပ်ကို အကြာကြီး စိုက်ကြည့်နေမိပြီိးမှ ခေါင်းယမ်းလိုက်ကာ တွေးမိသည်,

အခုစာရွတ်နေရင်းနဲ့ ဘာလို့ သူရပ်သွားမိတာလဲ?

-

နောက်တစ်နေ့တွင် အန်းနင်က ၆:၃၀တွင် အိပ်ရာမှနိုးခဲ့သည်။ သူ့ဖုန်းက alarmက တုန်လာခဲ့​၏။သူ့ရဲ့ ကိုယ်ပိုင်-စာကြည့်ချိန်အတွက် စောစောထတတ်တဲ့ အလေ့အကျင့်ကြောင့် သူ ချင်ဝေ့ဟော်ကို အနှောင့်အယှက်ပေးမိသွားမှာ ကြောက်မိသည်။အိပ်ရာထဲမှထွက်ပြီး မျက်မှန်တပ်လိုက်ကာ မျက်နှာချင်းဆိုင်အိပ်ရာက ချင်ဝေ့ဟော်ကို ကြည့်လိုက်မိသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now