Chapter《61》

1.7K 372 4
                                    


『Unicode』

လေးရက်မြောက်နေ့ပြီးပါက အန်းနင် KFCအလုပ်ကို ပြန်သွားရမည်ဖြစ်သည် ; ဒီနေ့က သူ့အတွက်နောက်ဆုံး အားလပ်ရက်ပင်။ ဒီမနက်ခင်းမှာ သူနဲ့ ချင်ဝေ့ဟော်တို့ နေမြင့်သည်အထိ အိပ်ခဲ့ကြ​၏။ တစ်ခါတည်းနဲ့ ကျန်တဲ့တစ်ဘဝလုံး အိပ်သွားနိုင်သည့်နှယ် နှစ်ယောက်လုံး ဘယ်သူမှ မထချင်ကြပေ။

တွေဝေစွာနဲ့ တစ်ဖက်လှည့်လိုက်လျှင် မျက်နှာချင်းဆိုင်မှာ စောင်ခေါင်းမြှီးခြုံထားပြီး လက်မောင်းတစ်ဖက်သာ စောင်အပြင်ထွက်နေတဲ့ ချင်ဝေ့ဟော်ကို မြင်နေရသည်။ ဒါလဲ မဆိုးပါဘူးလို့ သူတွေးတဲ့အတွက် သူ့မျက်ဝန်းတွေကို ပြန်မှိတ်လိုက်မိ​၏။

ထို့နောက်မှာတော့ သူ အိပ်မက်တစ်ခုမက်ခဲ့သည်။ အိမ်မက်သည် သူ ချင်ဝေ့ဟော်ကို ဥပဒေသိပ္ပံသင်ပေးနေတဲ့နေရာဖြစ်​၏။ သူတို့တွေက '入'-ပုံစံအနေအထားနဲ့ ထိုင်နေတုန်းဖြစ်ပြီး အန်းနင်က ချင်ဝေ့ဟော် အတွက် သူ့ခံစားချက်များကို သတိမထားမိသေးသော 'အန်းနင်' ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ကာ ရုတ်တရက် ထို မြင်ကွင်းထဲသို့ ဖြတ်ကျော်ဝင်ရောက်သွားပုံရသည်။

ဒါက အပြိုင်ကမ္ဘာတစ်ခုဖြစ်မည် ထင်ရသည်။ ပြီးလျှင် အရာအားလုံးက သူနဲ့မဆိုင်ပါသော်လည်း သူဟာ သူကိုယ်တိုင်နဲ့ချင်ဝေ့ဟော်အတွက် အောင်သွယ်လုပ်ဖို့ အိုင်ဒီယာရှိနေဆဲဖြစ်​၏။ ဒါကြောင့် လက်ထဲမှာ သင်ထောက်ကူပစ္စည်းတွေနဲ့ သူ့ဘေးက လူချောထံ လှည့်သွားရင်းပြောလိုက်သည်။

"ချင်ဝေ့ဟော်, ငါမင်းကို ကြိုက်တယ်"

သို့တိုင် ချင်ဝေ့ဟော်ကတော့"အိုး"ဟူသောအသံသာ ပေးလာခဲ့သည်။ အန်းနင်မှာ မေးကို လက်တစ်ဖက်နဲ့ထောက်ထားလျက် အာရုံမရှိတဲ့မျက်လုံးတွေနဲ့ ဖတ်စာအုပ်ကို ကြည့်နေသော ချင်ဝေ့ဟော်ကို ကြည့်နေမိခဲ့သည်။ သူ ရယ်ချင်မိသွား​၏— ဒီလူက ဘာကြောင့်များ စိတ်မပါရတာလဲ?

၎င်းက သူ ဥပဒေသိပ္ပံသင်ခန်းစာရှင်းပြနေတာကို နားထောင်မနေတာ ဖြစ်သွားရ​၏။

သူ့ကမ္ဘာက ချင်ဝေ့ဟော်သည်လည်း အတူတူ ဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်နာရီကျော်ကြာအောင် သူတို့တွေအတူတူထိုင်နေခဲ့တဲ့ အချိန်အတောအတွင်းမှာ ချင်ဝေ့ဟော်က တခြားကို စိတ်ရောက်နေပြီးပဲရှိနေတာဖြစ်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now