Chapter 《16》

2.4K 525 4
                                    

『Unicode』



အန်းနင် ,လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်တို့ နံနက်၇နာရီတွင် အိပ်ဆောင်မှ ထွက်လာခဲ့ရန်ဆုံးဖြတ်ထားခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့အိပ်ရာအကြိုက်ဆုံး ရှောင်ပေါင်ပင်လျှင် သူတို့ထက် စောစီးစွာနိူးနေခဲ့သည်။ သုံးယောက်သား မြေအောက်ရထားစီး၍ ချင်ဝေ့ဟော် ပြောပြခဲ့သော ကျိသောင်* ကျောက်တောင်တက် Gymကို လာခဲ့ကြသည်။ Gymမှာ သူတို့ထင်ထားတာထက်ပင် ပို၍ ဧရိယာကျယ်ပြန့်လေသည်။ ဖန်နံရံတွေကို ဖြတ်၍ အထဲက အလွန့်အလွန်ခမ်နားတဲ့ ကျောက်နံရံအတုတွေကို မြင်နေရသည်။ ရှောင်ပေါင်က မှန်ပေါ်မှာမှီလိုက်ရင်း ခေါင်းမော့လျက် အံ့အားသင့်စွာပြောလာသည်။

"ဒါတွေက ၄ထပ် ၅ထပ်လောက် မြင့်နေတာ!"

【*TN: ယာကူဇာလို့ အဓိပ္ပာယ်ရပေမယ့် တစ်လုံးချင်းခွဲရင် "တောင်ထိပ်"နဲ့ "လမ်း" ပါတဲ့ ။】

Gymက မဖွင့်သေးသဖြင့် တံခါးပ်ိတ်လျက်ပင်။ ပေကျင်းဂျစ်တစ်စီးသာ အပြင်ဘက်တွင်ရပ်ထားသည်။ ၇:၃၀ပဲရှိသေးတာကြောင့်သူတို့လာတာ အရမ်းစောသွားပြီလားဟု အန်းနင်တွေးလိုက်မိသည်။ ချင်ဝေ့ဟော်က ဘောစ့်နဲ့ ဆက်သွယ်စရာတွေမပေးခဲ့တာကြောင့် သူတို့ သုံးယောက် အပြင်မှာ စောင့်ရုံသာတတ်နိုင်တော့သည်။

တစ်ခဏမျှကြာသောအခါ gymထဲကနေ လှုပ်ရှားသံအချို့ကြားလိုက်ရသည်။ သုံးယောက်သား ဖန်နံရံကို ကြည့်လိုက်မိသောအခါအသက်၃၀အရွယ်လောက်ရှိသည့် ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရ​၏။ သူက အပြာရောင်ဂျက်ကတ်ကို ဝတ်ထားပြီး ပါးစပ်တွင် စီးကရက်ခဲလျက် ခရီးထွက်တဲ့ အိတ်နှစ်လုံးကို သယ်ဆောင်ထားသည်။ ထိုလူက သူတို့ကို ကြည့်ရင်း ပြောလာခဲ့သည်။

"မင်းတို့တွေ ကျောက်တောင်တက်ကြမလို့လား? အရမ်းစောသေးတယ်၊ gymက ၉နာရီမှ ဖွင့်တာ"

"ခင်ဗျားက ဘောစ့်လား?" ရှောင်ပေါင်ကမေးသည်, "ကျွန်တော်တို့က ချင်ဝေ့ဟော်သူငယ်ချင်းတွေပါ။ သူက မနက်ခင်းမှာခင်ဗျားနဲ့တွေ့ဖို့ ပြောခဲ့တာ ! "

ယွီရမ်က တံခါးလော့ချနေတာကို ရပ်လိုက်ပြီး ခေါင်းလှည့်လိုက်ကာ လူငယ်လေးသုံးယောက်ကို ခေါင်းအစ အခြေအဆုံးကြည့်လိုက်မိသည်။ သူ့ ပါးစပ်ထဲရှိစီးကရက်ကလဲ ပြုတ်ကျသွားခဲ့ရသည်။ သူတွေးမိသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now