Chapter《57》

1.7K 365 7
                                    


『Unicode』


ယွီရမ်က အားကိုးလို့ရနေဆဲဖြစ်ပြီး သူ့တို့ကို သွားမယ့်နေရာတစ်ခုပေးလာခဲ့သည်။ ၎င်းကို "လုံယင်း ရှေးဟောင်းမြို့တော်"ဟု အမည်တွင်ပြီး အေမြို့တော်ကို လာရောက်လည်ပတ်သူတွေ လက်လွတ်မခံသင့်တဲ့ နေရာတစ်ခုပင်။

၎င်းက ဒေသထွက် သရေစာများစွာဖြင့် သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုတစ်ခု ဖြစ်လေသည်။

အေတက္ကသိုလ်မှဆိုလျှင် သူတို့တွေ နံပါတ်၃လိုင်းကို စီးသွားရမှာဖြစ်ပြီး တစ်နာရီအတွင်းရောက်လိမ့်မည်ဖြစ်သည်။အဆုံးမှာတော့ ယွီရမ် ခမျာမမေးလိုက်ပဲမနေနိုင်။

≪ဘာလို့ အန်းနင်ပဲ ဖြစ်ရပြန်တာလဲ?≫

ချင်ဝေ့ဟော်က အိပ်ရာမှာ ကျောခင်းထားပြီး စာတစ်ကြောင်းကို သူ့လက်ချောင်းတွေနဲ့ ဖြည်းဖြည်းပဲရိုက်ပေးလိုက်သည်။

≪အင်း..သူပဲ ဖြစ်ပြန်ပြီ≫

ယွီရမ် : ......

ချင်ဝေ့ဟော် ဖုန်းချပြီး အိပ်ဖို့ပြင်လိုက်သည်။ သူ ချက်ချင်း မျက်လုံးမမှိတ်လိုက်ပါဘဲ မျက်နှာချင်းဆိုင်ရှိ အိပ်ရာဘေးကမီးအိမ်ကို စိုက်ကြည့်လိုက်မိသည်။ သူအိပ်တာကို အနှောင့်အယှက်မဖြစ်စေရန် အန်းနင်က မီးအိမ် အလင်းရောင်ကိုအလွန့်အလွန် မှိန်အောင် ညှိထား​၏။

ချင်ဝေ့ဟော်က ခဏမျှ အသံတိတ်ကြည့်နေခဲ့ပြီး ယွီရမ်ပြောတာကို အမှတ်ရလာကာ သတိထားမိစွာနဲ့ တွေးလိုက်မိသည်။

ဘာလို့ မင်းပဲ ဖြစ်ရပြန်တာလဲ?

မင်းက ငါ့မှာ အထင်ကြီးတဲ့ ခံစားချက်ရှိမိတဲ့ ပထမဆုံး ထိပ်ဆုံးကျောင်းသားပဲ။ မင်းက ငါ ကျောက်တောင်တက်တာကိုအခမဲ့သင်ပေးမိတဲ့ ပထမဆုံး လူ။ ပြီးတော့ မင်းက ငါ မင်းမိသားစုအတွက် ဒေသထွက်ပစ္စည်းတွေ ဝယ်ဖို့ခေါ်သွားမယ့်ပထမဆုံးလူတဲ့။

ထို့နောက် သူ ထိုနာမည်လေးကို တီးတို ဆိုလိုက်မိသည်။

"အန်းနင်..."

"ဟင်?", အန်းနင်ကအသံကြားတဲ့အခါ ခေါင်းလှည့်လာ​၏။

ခေါင်းအုံးပေါ်တွင် လှဲနေသော ချင်ဝေ့ဟော်က သူ့ကို ခေါင်းယိမ်းကာကြည့်နေရင်းမှ,

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now