Chapter 《5》

2.9K 602 2
                                    

『Unicode』


နောက်တစ်နေ့ ညနေခင်းတွင် အန်းနင် စာလုပ်ပြီးသဖြင့် အိပ်ဆောင်ကို ပြန်လာခဲ့သည်။ အိပ်ရာမဝင်ခင် သူက ပုံမှန်အတိုင်း ဖုန်းကို အိပ်ရာပေါ်တွင် ထိုင်ကြည့်နေလိုက်သည်။

ချင်ဝေ့ဟော်က ခုထိ ယွမ်၂၀၀၀ကို လက်မခံရသေးပေ။ဒါကြောင့် သူ့မှာ ရွေးစရာမရှိပါပဲ message ပို့လိုက်​၏။

≪ချင်ဝေ့ဟော် မင်း ပိုက်ဆံပြန်သိမ်းဖို့ မေ့နေတယ်! သိမ်းလိုက်ဖို့ သတိရဦး!≫

ချင်ဝေ့ဟော်က ကျောက်တောင်တတ်တဲ့ အားကစားရုံကနေထွက်လာချိန်တွင် WeChatမှ message ရောက်လာခဲ့သည်။ သူက ရပ်၍ ဖုန်းကိုထုတ်ကြည့်လိုက်ရာ မည်သည့်အမူအရာ လုပ်ရမည်ကိုပင်မသိတော့ချေ။

အန်းနင်က ဖုန်းကို ချလိုက်ပြီး လှဲချလိုက်သည်။ ထို့နောက်တွင် WeChat သတိပေးသံ မြည်လာခဲ့​၏။ သူပြန်ကောက်၍ ကြည့်လိုက်ရာ ချင်ဝေ့ဟော် ယွမ်၂၀၀၀ပြန်သိမ်းသွားကြောင်း တွေ့လိုက်ရ​၏။

WeChat interfaceကို ကြည့်နေရင်း ရယ်စရာကောင်းနေသလို သူခံစားရသည်။ Chief​နဲ့ မိုးခေါ်သူ​၏ conversation မှာ သူပို့လိုက်သည့်စာကြောင်းမှလွဲလျှင် ငွေလွှဲစာတစ်ခုသာရှိပေ​၏။ အစမှ အဆုံးထိတိုင် ချင်ဝေ့ဟော်က သူ့ကို replyပြန်မထားပေ။ မည်သို့ပင်ဖြစ်စေ ရရှိကြောင်းအထောက်အထားကပင်လျှင် သူ ချင်ဝေ့ဟော်နှင့် ရင်းနှီးနေသလို ခံစားစေရသည်။ သူပြုံးလိုက်ပြီး ဖုန်းပိတ်လိုက်ကာ စိတ်အေးလက်အေးနှင့် အိပ်ရာဝင်ခဲ့တော့သည်။

စနေ့နေ့တွင် သူ KFC၌ အချိန်ပိုင်းအလုပ်လုပ်ခဲ့သည်။ သူ့ရဲ့ အင်္ဂလိပ်စာကကောင်းတာမို့ မန်နေဂျာက သူ့ကို အရှေ့ကောင်တာတွင် စီစဉ်ပေးခဲ့သည်။ စင်စစ်တွင်တော့ သူက လူအများကြီးနှင့် ပြောဆိုဆက်ဆံရသည့်အစား မီးဖိုတွင်သာ လုပ်ချင်တာဖြစ်သည်။ အရှေ့တွင်ရှိသော ကောလိပ်ကျောင်းသားအားလုံးမှာ မိန်းကလေးများဖြစ်ကြပြီး သူတစ်ယောက်သာ ယောက်ျားလေး ဖြစ်နေတာဖြစ်သည်။ ဒီKFCက မကြီးသော်လည်း အလုပ်အရှုပ်ဆုံး အရောင်းအဝယ်ရပ်ကွက်တွင် တည်ရှိနေတာဖြစ်ပြီးအကြာကြီးရှိထားသော ဆိုင်ပင်ဖြစ်​၏။ ထို့အပြင်နိုင်ငံခြားသားများကလဲ တခါတရံလာရောက် မှာယူကြလေ့ရှိသည်။ KFC မှာ အလုပ်လုပ်တာ တစ်လနီးပါးရှိနေပြီဖြစ်၍ အန်းနင်မှာ သူ​၏အင်္ဂလိပ်စာ နားထောင်စွမ်းရည် နဲ့ အပြောစွမ်းရည်တို့ အခက်အလက်များဖြင့်ပင် တိုးတက်လာသည်ဟု ခံစားရ​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now