Chapter 《45》

1.6K 392 8
                                    


『Unicode』


အန်းနင် ပန်းအိပ်ရာဘေးမှာထိုင်လိုက်ရင်း Dataကို ဖွင့်လိုက်သည်။ WeChatမှာ ပထမဆုံးတက်လာတာကတော့ Groupထဲမှာ ရှောင်ပေါင်ပို့ထားတဲ့ Concert ပုံတွေနဲ့ ဗွီဒီယ်ိုတွေဖြစ်သည်။ သူ တစ်ခုချင်းစီ နှိပ်ကြည့်ရင်း Concertရဲ့ လေထုထဲမှာ နစ်မြှုပ်သွားခဲ့​၏။ သူ မျက်နှာချင်းဆိုင်က ကျောချမ်းဖွယ် ပန်းခြံအကြောင်းကိုပင် မေ့သွားခဲ့သည်အထိ။

​ထို့နောက် နာရီဝက်အကြာတွင် ချင်ဝေ့ဟော်ရောက်လာခဲ့သည်။ သူက R1 ကို မစီးပါဘဲ Taxi ခေါ်လာခဲ့တာဖြစ်​၏။ ပထမဆုံးအကြိမ် သူ WeChatကနေ သူ့ကို message ပို့လာခဲ့သည်။

≪ငါမင်းကို မြင်နေရပြီ၊ လမ်းရဲ့ဘေးဘက်ကို လာခဲ့≫

အန်းနင်မှာ ချင်ဝေ့ဟော် အရမ်းမြန်မြန်ကြီး ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့။ သူထရပ်လိုက်ပြိး လမ်းဘေးဘက်ကို လျှောက်သွားလိုက် အဝါရောင် Taxiတစ်စီးက အရှိန်လျှော့လာပြီး ရပ်သွားသည်ကို တွေ့လိုက်ရ​၏။ သူ ရှေ့ဆက်လျှောက်လိုက်ပြီး အနီရောင် တံခါးကို ဖွင့်လိုက်လျှင် ချင်ဝေ့ဟော်က သူ့ခန္ဓာကိုယ်ကို ကိုင်းထားပြီး အထဲမှာထိုင်နေသည်ကို တွေ့လိုက်ရသည်။

ချင်ဝေ့ဟော်သည် မနက်ခင်း ထွက်သွားကတည်းက ဝတ်ထားတဲ့ သိုးမွေးကွပ်ထားတဲ့ လေကာအင်္ကျီ၊ မီးခိုးရောင်တီရှပ်နဲ့အဖြူရောင်ဂျင်းတို့ကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။

သူ့မှာ အပိုဆိုလို့ အနက်ရောင် Duckbill Cap တစ်ခုသာပါလာခဲ့သည်။

ကားတံခါးဖွင့်လိုက်တဲ့တစ်ခဏတွင် အန်းနင်မှာ သူတို့တွေ Dry potသွားစားကြတုန်းက ချင်ဝေ့ဟော်က သူ့အတွက်ကျောင်းကို ပြန်ရန် Taxi ငှားပေးလိုက်တာကို သတိရမိသည်။

သူ အများကြီးမမှတ်မိတော့သော်လည်း ချင်ဝေ့ဟော်သည် ဒီနေ့လိုပဲ ဖြစ်လိမ့်မည်- လူက နောက်ကို မှီထားပြီး သူ့ဒူးတွေက အရှေ့ခုံကို ကန်၍ ဖိထားကာ သူ့ခြေတံရှည်တွေက ဝန်ထုတ်ဝန်ပိုး ဖြစ်နေလိမ့်မည်ဖြစ်သည်။

ချင်ဝေ့ဟော်ရဲ့ ဂျင်းတွေကအဖြူရောင်ဖြစ်ပြီး အရှေ့က Taxiခုံအကာထက်ပင် ပိုဖြူနေတဲ့ အပြာနုရောင်လေးအနည်းငယ်သာပါသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now