Chapter《20》

2K 487 0
                                    




『Unicode』



နေ့လည်ခင်းတွင် အန်းနင်က စာကြည့်တိုက်မှ ထွက်လာခဲ့ငည်။ သူက အောက်ထပ်လှေကားမှာလမ်းလျှောက်နေရင်း ရုတ်တရက်ဆိုသလို အနောက်မှ ဝင်တိုက်ခံလိုက်ရကာ သူ့လက်ထဲမှ ဖုန်းကလဲ လှေကားပေါ်သို့ပြုတ်ကျသွားခဲ့သည်။ သူ့ကို ဝင်တိုက်တဲ့ သူကတော့ သူဘေးကနေ ဖြတ်သွားပြီဖြစ်သည်။ အန်းနင် သူ့ခေါင်းကို အလိုလို လှည့်ကြည့်လိုက်မိရာ စောင့်ကြပ်ဗွီဒီယိုမှာပဲ သူတွေ့ဖူးခဲ့သော လူဖြစ်သည့် အသားညိုညို၊အရပ်ခပ်ပုပုနဲ့လူကို မြင်လိုက်ရလေသည်။

​တစ်ဖက်လူက ၁စက္ကန့်မျှရပ်တန့်သွားပြီး သူ့ကို စိုက်ကြည့်ပြီးမှ ပြန်လှည့်ကာ လျှောက်သွားသည်။တစ်ဖက်လူရဲ့ပုံရိပ်ပျောက်ကွယ်သွားမှသာ အန်းနင်သတိဝင်လာပြီး သူ့ကျောလဲ ချမ်းသွားသလို ခံစားချက်ကိုရလိုက်လေသည်။လှေကားကို ကျသွားတဲ့ဖုန်းကို ကောက်လိုက်မိသောအခါတိုတောင်းတဲ့ ကျောချမ်းမှုသည်လည်း ပျောက်ကွယ်သွားရပြီဖြစ်သည်။ ဒီတိုက်မိခြင်းကမတော်တဆလား တမင်တကာလားဆိုတာကိုတော့ သူမတွေးချင်ပါပေ။ ဒါဟာ တမင်တကာဆိုပါလျှင်တော့ တစ်ဖက်လူအောင်မြင်ပါသည်။ အရင်ကတည်းက သူ့ဖုန်းလေးက ဘာသံမှထွက်မလာသည့်အတွက် သူပိုက်ဆံတွေအများကြီးသုံးပြီး ပြုပြင်ထားရသည်။ အခုမူ စခရင်က လုံးဝကို ကွဲအက်သွားရပြီဖြစ်သည်။

ဒီဖုန်းလေးက လေးနှစ်ကျော်ကြာအောင် အသုံးပြုခဲ့ပြီးဖြစ်သည်။ သူ ဒါကို ဝယ်စဉ်က ဒါဟာ နောက်ဆုံးပေါ်မော်ဒယ်ဖြစ်သော်လည်း အခုအချိန်မှာတော့ နှေးကွေးနေပြီဖြစ်သည်။ အန်းနင် ကံကောင်းဖို့ မျှော်လင့်ရင်း သူ့ဖုန်းစခရင်ကို ထိ၍စစ်ဆေးကြည့်လိုက်ရာ မည်သည့် တုံ့ပြန်မှုမှ ပေါ်မလာတော့ပေ။ ကောင်းကင်က သိပ်မမှောင်သေးသည့်အတွက် သူ ဖုန်းပြင်ဖို့ သွားသင့်ပေသည်။

တစ်ဖက်လူက သူ့ကိုတိုက်သွားရသည့် ရည်ရွယ်ချက်ကို တွေးနေရမည့်အစား ဖုန်းစခရင်လေး ပြန်ပြုပြင်နိုင်ဖို့ကိုသာ သူဆုတောင်းနေမိ​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now