Chapter《59》

1.7K 383 4
                                    


『Unicode』


နှစ်တစ်နှစ်ရဲ့ အဆုံးရောက်လာတဲ့အခါ အပူချိန်ကလဲ အေးသည်ထက် အေးလာတော့​၏။ အိပ်ဆောင်မှာရှိတဲ့ လူတွေအားလုံးနီးပါး ပြန်ကုန်ကြပြီ။ သူတို့ကလွဲရင် မန်နေဂျာတစ်ယောက်သာ နေထိုင်ဆဲဖြစ်သည်။

တစ်ဆက်တည်းမှာပဲ နေ့ပေါင်းများစွာတိုင် အန်းနင်နဲ့ ချင်ဝေ့ဟော်တို့မှာ အိပ်ရာထဲမှ ထွက်ဖို့ အလျင်မလိုကြပါဘဲ စောင်နွေးနွေးနဲ့ ထွေးပတ်ထားကြရင်း စကားပြောဖြစ်ခဲ့ကြသည်။

ဆောင်းရာသီမှာတော့ စောင်က တကယ်ပဲ လူတွေကို အသင်္ချေမကသော ပျော်ရွှင်တဲ့ခံစားချက်တွေ ပေးစွမ်းသည်။ သူတို့တွေ စောစောထစရာမလို၊ စောင်အောက်မှာ လှဲနေရင်း စကားပြောနေရတာလေးကိုက ပျော်ရွှင်စရာပင်။ ပထမမှာတော့ရှောင်ပေါင်က Group Chatထဲကို ဟာသဗွီဒီယိုများပို့လာခဲ့ရာ သူတို့တွေ တူတူကြည့်ရင်း ရယ်မောဖြစ်ကြသည်။

နောက်ပိုင်းမှာတော့ ချင်ဝေ့ဟော်က သူ့အား မေးလာခဲ့​၏။

"မင်း 'Dawn Wall'ကြည့်ချင်သေးလား? ကြည့်ဖို့အတွက် အချိန်ကောင်းပဲ"

၁၀:၀၀ကျော်လွန်နေပြီ ဖြစ်သော်လည်း အပြင်မှာ မှောင်နေဆဲဖြစ်သောကြောင့် တကယ့်ကို သင့်လျော်တဲ့ အချိန်ပင်။ အန်းနင် အိပ်ရာထက်လှဲပြီးကြည့်ရန် ကြံလိုက်သော်လည်း သူ့ဖုန်းအားက Lowဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့။ သူ ထပြီး အားသွင်းဖို့လုပ်စဉ်မှာပဲ ချင်ဝေ့ဟော်က,

"အောက်မဆင်းနဲ့."

သူက သူ့ဖုန်းအား အန်းနင်ကို ပစ်ပေးလိုက်သည်။

iPhone အနက်လေးက မလွဲပါဘဲ အန်းနင်ရဲ့ ခါးနားကို ကျလာခဲ့​၏။ သူ "ကျေးဇူး"လို့ပြောလိုက်ရင်း ကောက်လိုက်သည်။

ထို့နောက်ချင်ဝေ့ဟော် ပြောသံကို ကြားလိုက်​၏။

"Password က 1234."

ချင်ဝေ့ဟော်တော့ နောက်ပြန်ပြီလို့ သူထင်လိုက်ပေမယ့် ချင်ဝေ့ဟော်က ထပ်ပြောလာခဲ့ပါသည်။

"တကယ် 1234."

-

ထိုနေ့က အန်းနင် အကြာကြီး စောင့်စားခဲ့ရတဲ့ နာမည်ကြီးရုပ်ရှင်ကို အိပ်ရာထဲတွင် ကြည့်ခဲ့ရသည်။ ရံဖန်ရံခါဆိုသလို သူ့မှာ မေးခွန်းတွေရှိနေပြီး အနီးတဝိုက်မှာပဲ ရှင်းလင်းချက်လည်း ရှိနေလိမ့်မည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now