Chapter《46》

1.7K 374 1
                                    


『Unicode』

ဒီအိပ်ပျော်ခြင်းကို အနက်ဖွင့်ဆိုဖို့ ခက်ခဲလှသည်။ ပထမဆုံး ၂နာရီကနေ ၃နာရီမှာတော့ အန်းနင် သူဘယ်လိုမှ အိပ်မပျော်တော့ဘူးဆိုတာ သိလိုက်ရသည်။ သူက ဆိုဖာပေါ်မှာ လှဲနေရင်း လူးလိုက်လှိမ့်လိုက် ဖြစ်နေခဲ့သည်​။ သူ့ ကျောပေါ်ကဝက်ဝံကြီးကလဲ သူ့အတိုင်း လိုက်ပါနေခဲ့ရာ ရင်ဘတ်က လှန်လိုက် လှိမ့်လိုက် ဖြစ်နေခဲ့သည်။ သူ ဝက်ဝံကို ဖယ်ရှားမပစ်နိုင်သည်က သူ့စိတ်ထဲကနေ ဝက်ဝံပိုင်ရှင်ကို ဖယ်ရှားပစ်လို့ မရသကဲ့သို့ပင်။

ဒါပေမယ့် နောက်ပိုင်း..နောက်ပိုင်းမှာ အရမ်းနွေးတာကြောင့်နဲ့ ဆိုဖာက အိပ်ဆောင်က ခပ်မာမာအိပ်ရာထက် ပိုပြီိး သက်တောင့်သက်သာဖြစ်စေလို့ ဖြစ်ကောင်း ဖြစ်နိုင်မည်။ မရင်းနှီးတဲ့ ဆိုဖာပေါ်တွင် အိပ်ရန် အခက်အခဲရှိသင့်သော်လည်းထူးဆန်းတဲ့ လုံခြုံသည့်ခံစားချက်ရလို့ဖြစ်မည်။ သူ အိပ်ပျော်သွားရုံသာမကဘဲ ကောင်းကောင်းလည်း အိပ်နိုင်ခဲ့သည်။

မနက်ခင်း ၆:၃၀မှာတော့ သူ ချင်ဝေ့ဟော် ထံမှ နှိူးခံလိုက်ရသည်။သူ တုန်တုန်ယင်ယင်နဲ့ ထလာခဲ့မိ​၏။ သူ့ပုခုံးထက်တွင်ပုတ်ခံလိုက်ရတဲ့ အထိအတွေ့ရှိနေဆဲဖြစ်ရာ ချင်ဝေ့ဟော်က သူ့ကို ပုတ်နှိုးလိုက်လေသလားဆိုတာကိုလဲ သူ မသေချာခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမျက်လုံးဖွင့်လိုက်တာနဲ့ ချင်ဝေ့ဟော်ရဲ့နောက်ကျောက သန့်စင်ခန်းကို လျှောက်သွားခဲ့ပြီဖြစ်သည်။

အန်းနင် မြန်မြန်ပင်အဝတ်လဲလိုက်ပြီး စောင်ခေါက်လိုက်ကာ သူနဲ့တစ်ညလုံးရှိပေးထားတဲ့ ဝက်ဝံကြီးနဲ့အတူ ဆိုဖာပေါ်မှာတင်ထားလိုက်သည်။

ချင်ဝေ့ဟော်က သွားတိုက်ရင်း သန့်စင်ခန်းမှထွက်လာခဲ့ရာ အန်းနင်တစ်ယောက် ဆိုက်ဒ်လွန်ဝက်ဝံကြီးကို မင်းသမီးလေးလို သယ်လိုက်ပြီး ဆိုဖာပေါ်တင်နေသည်ကို အချိန်မီမြင်လိုက်ရသည်။

အန်းနင် လှည့်ကြည့်လိုက်သောအချိန်တွင်မူ ချင်ဝေဟော်က ပြန်လှည့်သွားပြီဖြစ်ပြီး သန့်စင်ခန်းထဲကို ပြန်ဝင်သွားသည်။အန်းနင် သန့်စင်ခန်းအပြင်ဘက်ကို လျှောက်လာခဲ့သောအခါ ချင်ဝေ့ဟော်က ကိုယ်ကိုကိုင်းလျက် ရေတစ်ငုံ ငုံလိုက်ပြီး သူ့ပါးစပ်ကို ကျင်းနေခဲ့သည်။ ဒါက အန်းနင်ရဲ့ တုံ့ပြန်ခြင်းတွေကို နှေးကွေးသွားစေခဲ့သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now