Chapter《12》

2.4K 510 3
                                    


『Unicode』



လေးယောက်စလုံး စားရင်းနဲ့ စကားပြောနေခဲ့ကြသည်။ စင်စစ်တွင်တော့ လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်တို့ကသာ အများဆုံးပြောနေကြတာ ဖြစ်​၏။ အန်းနင်ကတော့ မကြာမကြာ ဝင်စကားပြောဖြစ်ပေမယ့် ချင်ဝေ့ဟော်ကတော့ ထုံးစံအတိုင်း နားထောင်နေရုံသာဖြစ်နေသည်။ တစ်ခါတလေမှာတော့ နားထောင်နေရင်းနဲ့ ခေါင်းငုံ့ပြီး ဖုန်းပွတ်လိုက်သေးသည်။ရံဖန်ရံခါမှာတော့ သူကြားသည့်အရာအတွက် ခေါင်းညိတ်ပြ,တတ်သော်လည်း တခြားသူတွေ သူ ခေါင်းညိတ်ပြတာကို မြင်လား၊ မမြင်လားမသိပါချေ။အကယ်၍ သူ့ဖုန်းမှာ စိတ်ဝင်စားစရာမရှိတော့ပြန်လျှင် ခုံကိုပြန်မှီလိုက်ပြီး သူတို့ စကားပြောနေသည်ကို ကြည့်နေတတ်​၏၊ ထိုသို့ကြည့်နေပါလျှင် သူ့မျက်လုံးများမှာ အနည်းငယ် တည်ငြိမ်နေသလိုပင်။

သူက ရှောင်ပေါင် စကားပြောလျှင် ရှောင်ပေါင်ကို ကြည့်နေတတ်ပြီး လျန်ရှန်းဟန် စကားပြောပြန်လျှင်လဲ လျှန်ရှန်းဟန်ကို ကြည့်နေတတ်သည်။ ၎င်းမှာ အန်းနင်ကို စကားမပြောရဲတော့လောက်အောင် ဖြစ်သွားစေရသည်,အဘယ်ကြောင့် ဆိုသော် သူစကားပြောလိုက်တိုင်း ချင်ဝေ့ဟော်ကလဲ သူ့ကို ကြည့်လာတတ်လို့ဖြစ်သည်။

သူနဲ့ ချင်ဝေ့ဟော်ကြားက မြင်ကွင်းက အနီးဆုံးပင်။ သူ တကယ့်ကို ချင်ဝေ့ဟော်ရဲ့ အကြည့်ကို မခံနိုင်ပါချေ။

Big Mac ဘာဂါကတော့ အန်းနင် မျှော်လင့်ခဲ့သလိုပဲ ချင်ဝေ့ဟော်က မြန်မြန်ကုန်အောင်စားလိုက်သည်။ အာလူးကြော်တွေလဲ ကုန်လုနီးပါးဖြစ်လာခဲ့ပေမယ့် သူ့ကိုလာကိုတော့ ထိ,ခဲလေသည်။ ချင်ဝေ့ဟော်အတွက် ဗိုက်ပြည့်သွားတာဖြစ်နိုင်ပြီး သူတို့ရဲ့အတင်းအဖျင်းပြောနေတာတွေကိုသာ နားထောင်နေတော့သည်။

အန်းနင်ကတော့ သူ့ကိုလာလေးကိုသောက်နေရင်း လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်ပြောသမျှ ကျောင်းကအတင်းတွေကို နားထောင်ပေးနေသည်။ ပထမမှာတော့ သူတို့က ချောင်းတဲ့ကောင်အကြောင်း ပြောနေတာဖြစ်သော်လည်း နောက်ပိုင်းတွင်မူ ကျောင်းရဲ့ပန်းလေးအကြောင်းကို ပြောလာကြသည်။ သေချာတာပေါ့, ချင်ဝေ့ဟော်ကို လေးစားသမှုနဲ့ ကျောင်းမြက်ကလေးအကြောင်းကိုတော့ သူတို့မပြောခဲ့ကြပေ။ ရှောင်ပေါင်က ပြောလိုက်သေးသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now