Chapter《8》

2.6K 589 2
                                    


『Unicode』


ပိတ်ရက်တွင် အန်းနင်က ယွမ်ရှောင်းယဲ့ကို နှစ်နာရီကြာမျှ စာသင်ပေးခဲ့သည်။ သို့သော်လည်း သူ အခန်းထဲက ထွက်လာချိန်တွင် ချန်ဖေးကိုမူ မတွေ့ခဲ့ရချေ။ ယွမ်ရှောင်းယဲ့က ရေခဲသေတ္တာဆီသို့ပြေးသွားကာ တစ်စုံတစ်ခုကိုစားဖို့ရှာလေသည်။ အန်းနင်က ယွမ်ရှောင်းယဲ့ကို လှည့်ကြည့်ပြီးပြောလိုက်သည်။

"အဲ့ဒါဆို ငါအရင် ပြန်နှင့်မယ်နော် ယွမ်ယဲ့! မင်းအမေပြန်လာတဲ့အချိန်ကျရင် သူမကို အသိပေးလိုက်ပါ "

ယွမ်ရှောင်းယဲ့က ပါးစပ်အပြည့် မုန့်များနှင့် ခေါင်းညိတ်ပြလာ​၏။ အန်းနင် ပြောလိုက်မိသည်။

"ရေခဲသေတ္တာထဲက ထုတ်ထားရင် မစားခင် အရင်နွှေးလိုက်ဦး."

ယွမ်ရှောင်းယဲ့က သူ့ပါးစပ်ထဲရှိအရာကို မျိူချလိုက်ပြီးမှ လှည့်ပြောလာသည်။

"ခင်ဗျားက ကျွန်တော့် အမေထက်တောင် တကျဉ်ကျဉ်လုပ်သေးတယ်" သူက လက်ထဲရှိ ဂျယ်လီလေးကို မြှောက်ပြလာသည်။

"ကျွန်တော် ဂျယ်လီစားနေတာ! အပူပေးဖို့လိုသေးတယ်လို့တော့ မပြောနဲ့.?"

အန်းနင်က နေရခက်သွားကာ 'အိုး'ဟုအသံပြုလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူ ဖိနပ်စီးဖို့ အဝင်ဝကိုရောက်သွားတဲ့အချိန်မှာပဲရုတ်တရက် မီးဖိုချောင်ထဲမှ ယွမ်ရှောင်ယဲ့ရဲ့အော်သံကို ကြားလိုက်ရသည်။

"ဖားလေး!!"

စိုးရိမ်တကြီး အော်ဟစ်လိုက်သည့်အသံကို ကြားလိုက်ရသဖြင့် အန်းနင်မှာလဲ ဖိနပ်ကို မြန်မြန်ချွတ်လိုက်ကာ ဧည့်ခန်းထဲသို့ သွားလိုက်ရသည်။

"ဘာဖြစ်လို့လဲ?!"

စင်စစ်တွင်တော့ ယွမ်ရှောင်ယဲ့မှာ ဘာမှမဖြစ်ပါချေ ; သူက စိတ်မပါတပါ့နဲ့ ဂျယ်လီကို သူ့ကို ပစ်ပေးလိုက်​၏။

အန်းနင်မှာ အဝေးမှပစ်လိုက်သော ဂျယ်လီခွက်အေးအေးလေးကို မသိလိုက်ပါဘဲ ဖမ်းလိုက်ရသည်။ တကယ်တော့ နိုဝင်ဘာလအစောပိုင်းတွင် ရာသီဥတုကအတော်လေးအေးနေပြီဖြစ်သည်။ သို့သော်လည်း တစ်နေ့လည်လုံးစကားပြောလိုက်ရသည့်အတွက် သူတကယ်ပင်အာခြောက်နေရ​၏။ သူပြန်ကြည့်လိုက်သောအခါ ဂျယ်လီကိုပဲ စားနေတဲ့ ယွမ်ရှောင်ယဲ့ရဲ့ နောက်ကျောလေးကို မြင်လိုက်ရ၍ ပြုံးကာပြောလိုက်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now