Chapter《17》

2.3K 518 1
                                    


『Unicode 』



ချင်ဝေ့ဟော်က တီရှပ်အနက်နဲ့ ဆွယ်တာနဲ့ အရောင်တူ မီးခိုးဖျော့ sweatpantကိုသာ ဝတ်ဆင်ထားသည်။

ကိရိယာ တစ်ပုံတစ်ခေါင်းကတော့ သူ့ခါးရှိ သိုင်းကြိုးတွင် ချိတ်တွယ်ထားသည်။ တခြားတောင်တက်သမားများလဲ ထိုကဲ့သို့ဝန်လေးသည့် ကိရိယာများကို ဝတ်ဆင်ထားကြကြောင်း အန်းနင် သတိပြုမိလိုက်သည်။ နောက်ကနေ တက်လာမဲ့ကျောက်တောင်တက်သမားများအတွက် ချင်ဝေ့ဟော်ကတက်သွားပြီး လုံခြုံရေးပစ္စည်းကို ကလစ်ရမည်ဖြစ်သည်။ တကယ်တမ်းတွင် သူ့ခန္ဓာကိုယ်၌ ပိုမိုများပြားတဲ့ပစ္စည်းတွေကို သယ်ထားရသည့်တိုင် ဝန်လေးနေရဟန်တော့မရှိပါချေ။

ဒီ အရပ်ရှည်ရှည်ခန္ဓာကိုယ်ကြီးက တကယ်ပဲ စွဲဆောင်မှုရှိသည်။ သူ့အပေါ်ခန္ဓာကိုယ်တွင် ပစ္စည်းတွေဘယ်လောက်များနေပါစေသူ့အတွက် အလှတန်ဆာများကဲ့သို့ပင် ဆင်တူနေသည်။

ချင်ဝေ့ဟော်က တောင်အောက်ခြေကို လျှောက်သွားသည့် အချိန်တွင်မူ ယွီရမ်က ရုတ်တရက်သူ့ကိုလှမ်းခေါ်ရင်း ပြေးလာခဲ့ပြီးချင်ဝေ့ဟော်ကို အနက်ရောင် Helmetတစ်စုံပေးလိုက်သည်။ သူ့မျက်လုံးများမှာ သူ့နောက်မှ အုပ်စုက သူတောင်တက်မှာကို စောင့်ကြည့်နေကြောင်း ပြောပြနေရင်း တီးတိုးပြောလိုက်​၏။

"မင်းက ထူးချွန်တဲ့နတ်ဘုရားပဲ,ဒါကြောင့် မင်းက စံပြကောင်းတစ်ယောက် ဖြစ်ရမယ်!"

ထိုသို့ပြောပြီးနောက် သူက ချင်ဝေ့ဟော်နောက်ကျောကို သူ့လက်ဖြင့် ရိုက်လိုက်သေးသည်။

ချင်ဝေ့ဟော်က Helmetအနက်ကို ယူလိုက်ပြီ ဘာမှမပြောခဲ့ပေ။ ဒါက တမင်လိုမျိူးမဟုတ်ပါဘဲ သူမေ့သွားလို့ဖြစ်သည်။

သူက Helmetကို ဝတ်လိုက်တဲ့အချိန်မှာပဲ ခေါင်းဆောင်က စိတ်ငြိမ်ရတဲ့ ခံစားချက်ရသွားကြသဖြင့် အားလုံးကိုပြောလိုက်သည်။

"အဲ့ဒီတော့ အားလုံးပဲHelmetဝတ်ကြဖို့ မမေ့ကြပါနဲ့! လုံခြုံရေးကိရိယာတွေက လိုအပ်တယ်!"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now