Description

52.6K 1.7K 65
                                    

!unicode!

လင်ခုံးလုသည် ခွေ့ချွမ်း*ကမ္ဘာတွင် အမြှောက်စာဇာတ်ကောင်ဖြစ်ကာ အဓိကဇာတ်ဆောင်ထက်ပင်ပို၍ဆန်ကုန်မြေလေးဆန်ပေ၏။ သူအနားယူတော့မည်အချိန်တွင် ခေါင်းဆောင်ကရုတ်တရက်ပြောလာသည်။
"မင်းသွားခဲ့တဲ့ကမ္ဘာကတစ်ခုခုမှားနေတယ်။ မင်းထပ်သွားရမယ်။"

လင်ခုံးလုတွေးမိသည်။ ဖိုင်တွေကိုပြန်ဖတ်ရတာကရိုးစင်းပါတယ်လေ။

သို့သော် သူပြန်လာပြီးနောက်တွင် အဓိကဇာတ်ဆောင်ကသူ့ကိုဖမ်းကာ မည်းမှောင်စွာခြိမ်းခြောက်လာခဲ့သည်။
"မင်းထပ်ပြေးရဲရင် မင်းခြေထောက်တွေကိုချိုးပစ်မယ်။"

လင်ခုံးလု: ???

(1) မောက်မာပြီး နိုင်ထက်စီးနင်းဆန်သောအိုမီဂါသခင်လေးတစ်ယောက်အဖြစ်ဝင်ရောက်လာရင်း သူသည်ကျေးလက်ဒေသကသူ၏စေ့စပ်ထားသောသတို့သားလောင်းကို လှောင်ပြောင်ဟားတိုက်ခဲ့လေသည်။ ဖယ်ရိုမုန်းတွေကမျှော်လင့်မထားစွာအထိန်းအကွပ်မဲ့လာပြီး သူကသူ့သတို့သားလောင်းရဲ့နံရံပေါ်ဖိချကာ အနမ်းခံလိုက်ရမယ်လို့ဘယ်သူကထင်မိမှာတုန်း။

(2) မတော်တဆမှုတစ်ခုကြောင့်အဖမ်းခံလိုက်ရအပြီးတွင်၊ ဧကရာဇ်ငယ်လေးကဘုရင်ခံမင်းသားကိုရူးရူးမိုက်မိုက်ချစ်မိသွားကာ ဘုရင်ခံမင်းသားကိုဖြည့်ဆည်းပေးခဲ့သော်လည်း သူကတော့ဖယ်ရှားခံလိုက်ရလေသည်.....

(3) ကမ္ဘာပျက်ကပ်ထဲတွင်ကိုယ်ဝန်ဆောင်အမြှောက်စာဇာတ်ကောင်အဖြစ်ဝင်ရောက်လာရင်း သူသည်သူ၏ရည်းစားဟောင်းကို စားစရာ၊ သောက်စရာရှာခိုင်းကာ သူ့ကိုကာကွယ်ပေးစေရန်လှည့်ဖြားခဲ့၏။ သူ့ရည်းစားဟောင်းကစရိုက်နှစ်မျိုးရှိနေမယ်လို့ဘယ်သူကသိမတုန်း။ တစ်မျိုးကသွေးအေးကာ နောက်တစ်မျိုးကတော့ ပိုင်စိုးပိုင်နင်းဆန်ကာ သူ့ကိုအလွန်တွယ်ကပ်ပေသည်။

(4) ရေသူမျိုးနွယ်၏မသန်မစွမ်းမင်းသားနှင့်လက်ထပ်ရန်ဖိအားပေးခံခဲ့ရပြီးနောက် သူ၏ကြောင်ဗီဇပေါ်ထွက်လာကာ စိတ်လှုပ်ရှားပြီးကြောင်နားရွက်များကိုထုတ်ပြလိုက်မိတော့သည်။

(5) လူစားထိုးနှစ်ယောက်ရှိကာ သူ့နှလုံးသားကိုနာကျင်အောင်လုပ်ခဲ့သောသူဌေးသည် ဒေဝါလီခံရပြီးနောက်မှာ လူစားထိုးနှင့်ပိုင်ယွဲ့ကွမ်တို့ထံမှ မျက်နှာဖြတ်ရိုက်ခြင်းခံခဲ့ရသည်။ သို့သော်လည်း လူစားထိုးနှင့်ပိုင်ယွဲ့ကွမ်ကသူ့အတွက်နှင့်တိုက်ခိုက်ကြပြန်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now