[၁၆၂] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.7K 566 14
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၄)။

လင်ခုံးလုပလုတ်ကျင်းပြီး အနောက်လှည့်လိုက်တော့ သူတို့နှစ်ယောက်လုံးသူ့ကိုကြည့်နေတာကိုမြင်လိုက်ရသဖြင့် သူမနေနိုင်ဘဲမေးမိသည်။
"ဘာဖြစ်လို့လဲ။"

"အာ၊ မင်း မင်းဒီနားမှာနည်းနည်းနီနေတယ်။"
ယောင်းရှင်းယွီကသူ့လည်ပင်းသူထိုးပြသည်။

လင်ခုံးလု၏မျက်နှာရုတ်ခြည်းမည်းသွားပြီးအံကြိတ်ကာပြောလိုက်သည်။
"အကောင်ကိုက်သွားတာ။"

တောင်တန်းများထဲမှာတကယ့်ကိုပိုးကောင်များစွာရှိသဖြင့် ယောင်းရှင်းယွမ်ကသိပ်အများကြီးမတွေးမိပေ။ ဒီလိုအနီရောင်အကွက်ကြီးဆိုတော့ ပိုးကောင်ကအလွန်အဆိပ်ရှိမည်ဟုသာတွေးမိသည်။

ရှယွိချန်ကတော့မယုံသည့်အလားမျက်မှောင်ကြုတ်လိုက်သည်။

ဖု​ကျင်စစ်ကသူ့ပုံစံကိုမြင်တော့ ဖော်ပြမရအောင်ပျော်ရွှင်သွားရပုံမှာ သူ့ပိုင်ဆိုင်မှုကိုကြေငြာလိုက်ရသည့်အလား။

သို့သော်ရှယွိချန်ကအခန်းထဲခပ်သုတ်သုတ်ဝင်သွားကာ လိမ်းဆေးတစ်ဗူးထုတ်ပြီး လင်ခုံးလုကိုပြောလာသည်။
"တောင်ထဲကပိုးကောင်တွေကအဆိပ်ရှိတယ်။ မဒမ်၊ ဆေးလိမ်းလိုက်တာပိုကောင်းမယ်။"

သူကထိုသို့ပြောရင်း လိမ်းဆေးကိုညှစ်ကာတစ်ဖက်လူပေါ်လိမ်းပေးလိုက်သည်။

ဖုကျင်စစ်မပျော်တော့ဘဲ မည်းမှောင်သွားရပြီး မီးခိုရောင်မြူမှာပိုနက်မှောင်လာသည်။

လင်ခုံးလုမှာသိသိသာသာကိုသူ့ဘေးမှာအနည်းငယ်အေးစက်သွားရသဖြင့် အနည်းငယ်ကြောက်သွားမိသည်။ သူကလိမ်းဆေးဗူးကိုမြန်​မြန်ယူကာပြောလိုက်သည်။
"ရတယ်၊ ငါ့ဘာသာငါလိမ်းလိုက်မယ်။"

သူထိုသို့ပြောကာ သူ့လက်ချောင်းထိပ်များပေါ်ဆေးတချို့ညှစ်ထည့်ပြီး လည်တိုင်ကိုမော့ကာ သေချာလိမ်းလိုက်သည်။

သူ့အသားအရည်မှာအလွန်ဖြူပြီး အနီမှတ်ကအန​ည်းငယ်တောက်ပနေသဖြင့် ဆေးလိမ်းလေလေပိုမိုတောက်ပလာလေပင်။ ပြီးတော့သူခေါင်းမော့လိုက်စဥ် သူ့လည်တိုင်မှာသွယ်လျကာဖြူဖွေးလှပြီး ယဇ်ကောင်ပမာ၊ လက်တစ်ဖက်နှင့်အလွယ်လေးဆုပ်ကိုင်လို့ရသည့်နှယ်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now