[၉၈] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

4.5K 773 18
                                    

!unicode!

စဲဲ့ရှီးအာမှာလင်ခုံးလုထံမှစိုက်ကြည့်ခံနေရတော့ အနည်းငယ်မသက်မသာဖြစ်သွားကာ သူ့ကိုခက်ထန်စွာထပ်ပြောလိုက်သည်။
"အိပ်တော့လေ!"

ပြောပြီးနောက် သူကသူကိုယ်တိုင်အတွက်သစ်ရွက်ကြီးအနည်းငယ်လှမ်းကောက်ကာ မြေပြင်ပေါ်မှာခင်းပြီးမှ သစ်ရွက်များပေါ်လှဲချကာ ဘောလုံးပမာကွေးအိပ်လိုက်သည်။

အမှန်တော့ သူသစ်ရွက်တစ်ရွက်မှမပါဘဲအိပ်ခဲ့ဖူးသည်။ အခြားဝံပုလွေများကဲ့သို့ပင်၊ သူကကျောက်တုံး(သို့)အခြားလုံခြုံသောနေရာတစ်ခုရှာအိပ်ခြင်း၊ ဒါမှမဟုတ်သူ့အသိုက်ထဲမှာကွေးအိပ်ခြင်း(သို့)လှဲအိပ်ခြင်းတို့ဖြစ်သည်။ သူမျက်စိမှိတ်လိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားတတ်သည်ပင်။

ထိုအတောအတွင်းမှာပြဿနာတစ်ခုခုရှိလာရင် သူသတိရှိရှိသတိထားမိနိုင်ပြီး ချက်ချင်းနားစွင့်ကာ မျက်စိဖွင့်စစ်ဆေးကြည့်လိုက်သည်။

သစ်ရွက်ပေါ်မှာအိပ်ပုံအိပ်နည်းကားအရင်ဘဝကလင်ခုံးလုထံမှလေ့လာခဲ့ခြင်းဖြစ်ပြီး တစ်ဖက်လူကအသန့်ကြိုက်တာမို့ သူပါလိုက်လုပ်ခဲ့ပြီးအလွန်လန်းဆန်းသည်ဟုခံစားခဲ့ရသည်။

အခုကတော့ အရင်ဘဝသူတော်ဝင်နန်းတော်ထဲမှာရှိခဲ့တုန်းက လူသားများမှာအိပ်ရာများရှိနေပြီး မြေပြင်ပေါ်မှာတိုက်ရိုက်မအိပ်တာကိုမြင်ခဲ့ရသည်။ ဝံပုလွေဘုရင်အနေဖြင့် ဒါပေါ့၊ သူလည်းဘယ်သူ့ကိုမှမတုပဘဲ "အိပ်ရာ"ပေါ်မှာအိပ်လေ့ရှိသည်။

သူထိုသို့တွေးလိုက်ပေမဲ့ ဘောလုံးအဖြစ်ကွေးလိုက်ပြီးနောက်မှာ စဲ့ရှီးအာတိတ်တိတ်လေးမျက်လုံးမသိမသာဖွင့်ကာ လင်ခုံးလုကိုတစ်ချက်ခိုးကြည့်လိုက်မိသည်။

လင်ခုံးလုကလည်းသူ့ကိုအပြုံးတစ်ပွင့်ဖြင့်ကြည့်နေတုန်းဖြစ်ပြီး သူဘောလုံးလိုကွေးနေပုံလေးကဝံပုလွေတစ်ကောင်နှင့်တကယ်တူသည်ဟုတွေးနေမိသည်၊ ​သူဟာခက်ထန်ပုံပေါက်ပေမဲ့ အမှန်တော့မောက်မာနေခြင်းပင်။

ငယ်ရွယ်ပြီးစရိုက်အမူအကျင့်ကောင်းတာတကယ်ကောင်းတယ်။

လင်ခုံးလုမနေနိုင်ဘဲသက်ပြင်းချမိကာ ပင်မကမ္ဘာကသူ့ချစ်သူ၏ဖြစ်နိုင်ချေရှိသောသရုပ်မှန်ကိုတွေးမိရင်း ရုတ်တရက်0687နှင့်ဆွေးနွေးမိသည်။
"မင်းဗီဒီယိုရိုက်လို့ရလား။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now