[၁၄၄] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

2.9K 557 11
                                    

Arc(7)  (၁၆)။

ဒါပေါ့၊ လင်ခုံးလုသူ့အသက်ကိုတန်ဖိုးထားသည်၊ အဆုံးမှာတော့ သူ့တာဝန်မပြီးမြောက်သေးပေ။ သို့သော်ဒီတစ်ခေါက်လျို့ဝှက်နယ်မြေပွင့်လာပြီး ဖြစ်ချင်တော့ရှန်းဆွေမြက်ပင်ကိုစောင့်ကြပ်နေသည့်မကောင်းဆိုးဝါးအမမှာအိပ်မောကျနေသဖြင့် ဒီအချိန်မှာမကောင်းဆိုးဝါးအထီးသာစောင့်ကြပ်နေလိမ့်မည်။

မကောင်းဆိုးဝါး၏ခွန်အားမှာအသွင်ပြောင်းအဆင့်ရှိကျင့်ကြံသူတစ်ယောက်ဟုခေါ်ဆိုလို့ရ​ပြီး အခြေတည်ဝိညာဥ်အဆင့်၏အစောပိုင်းအဆင့်ရှိသူ့ကျင့်ကြံဆင့်ထက်အများကြီးပိုသာသော်ငြား သူ့ခန့်ရွှမ်ဓားကကျင့်ကြံရေးလောကမှာရှားပါးသောမသေမျိုးလက်နက်တစ်ခုဖြစ်သည်ပင်။ လက်နက်ကောင်း၏ကောင်းချီးပေးမှုဖြင့် သူတို့ယှဥ်တိုက်နိုင်လောက်သည်။

ထို့အပြင် သူ၎င်းကိုအနိုင်မတိုက်နိုင်ရင်တောင် သူ့မှာတပည့်လေးတစ်ယောက်ရှိနေသေးတယ်မလား။ သူ့တပည့်လေးကတော့သေချာပေါက်အနိုင်တိုက်နိုင်သည်။

လင်ခုံးလုလုံးဝမရှက်သွားဘဲ တည်ငြိမ်အေးဆေးစွာဖြင့် ဒါကိုသရုပ်ဆောင်ပြပွဲဟုတွေးကာ ခန်းရွှမ်ဓားကိုဆုပ်ကိုင်ပြီး ရှန်းဆွေမြက်ပင်ဆီတည်ငြိမ်ကာဂုဏ်သိက္ခာရှိသောအကြည့်ဖြင့်လျှောက်သွားလိုက်သည်။

ဒါကိုမြင်တော့ ရှဲ့ကျင်းဟုန်သူ့ကိုလှမ်းဆွဲလိုက်မိပြီး သူ့အသံမှာခြောက်သွေ့လို့နေသည်။
"ရှစ်စွင်း၊ မလို..." သူတကယ်မလိုပါဘူး။

ဒါပေမဲ့သူပြောလို့မပြီးသေးခင် သူတို့နှစ်ယောက်ထံသို့အချွဲအကျိကဲ့သို့သောပင့်ကူမျှင်အများအပြားရုတ်ခြည်းပစ်လွှတ်လာသည်။ လင်ခုံးလုခပ်မြန်မြန်နောက်ဆုတ်လိုက်ပြီး ရှောင်နေစဥ်ရှဲ့ကျင်းဟုန်ကိုလက်နောက်ပြန်ကိုင်ကာ သူ့ကိုသူ့ကျောနောက်မှာကာကွယ်ပေးလိုက်သည်။

ဒါပေမဲ့သူ့ဝတ်ရုံလက်မှာတော့စေးကပ်ကပ်အမျှင်ဖြင့်ထိုးဖောက်ခံလိုက်ရပြီး အမျှင်ပေါ်ကအဆိပ်မှာရုတ်ခြည်းဆိုသလိုဝတ်ရုံလက်တလျှောက်ဆန်တက်လာသည်။ သူအလျင်စလိုဓားကိုလွှဲရမ်းကာ သူ့ဝတ်ရုံလက်တစ်ဝက်ကိုဓားစွမ်းအာဖြင့်ဖြတ်ပစ်လိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now