[၁၀၀] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.4K 604 1
                                    

!unicode!

လင်ခုံးလုအံ့အားသင့်ချင်ယောင်ဆောင်ကာ ဆေးရည်ကိုယူပြီးနောက် နှုတ်ခမ်းကွေးကာပြောလိုက်သည်။
"ကျေးဇူးပဲ။"

စဲ့ရှီးအာမှာသူ့အပြုံးကြောင့်မျက်စိကျိန်းသွားရပြီး အလိုလိုအကြည့်လွှဲလိုက်မိပေမဲ့ သူ့အကြည့်ကိုထားရန်နေရာတစ်ခုမှမရှိတာမို့ နောက်ဆုံးမှာဘီးပေါ်ကျရောက်သွားပြန်သည်။

မင်းသာတကယ်ကျေးဇူးတင်ရင် စစ်မှန်တဲ့လုပ်ရပ်တချို့ရှိသင့်တယ်မလား။ ဥပမာ...သူ့အမွှေး(ဆံပင်)ကိုဖြီးပေးတာမျိုးလေ?

စဲ့ရှီးအာ၏မျက်လုံးများမှာမျှော်လင့်စောင့်စားခြင်းတို့ဖြင့်ပြည့်နှက်သွားလေသည်။

ဒါပေမဲ့လင်ခုံးလုကသတိထားမိပုံမရ။ သူ့ကိုကျေးဇူးတင်ပြီးနောက် ဝါးကျည်တောက်ကိုကိုင်ကာ ခါးသက်ပြီးအနံ့ပြင်းသောဆေးရည်ကိုမျက်မှောင်ကြုတ်လျက်သောက်လိုက်သည်။

စဲ့ရှီးအာ: "....."

သူလင်ခုံးလုကိုကြည့်လိုက်ပြီးနောက်ဘီးကိုကြည့်လိုက်မိပေမဲ့ သူအောင့်မထားနိုင်တော့ဘဲ လက်ဦးမှုရယူကာဘီးကိုရည်ရွယ်ပြောလိုက်သည်။
"ဒါဘာလဲ။"

လင်ခုံးလု၏မျက်နှာမှာဆေးရည်၏ခါးသက်မှုကြောင့်ရှုံ့တွလျက်။ ဒါကိုကြားသော် သူက"ဟင်"ခနဲလုပ်ကာ ခဏအချိန်ယူပြီးမှပြောလိုက်သည်။
"ဘီးလေ။"

စဲ့ရှီးအာကသူ့ကိုဆေးထားသည့်ဘယ်ရီသီးတချို့ပစ်ပေးကာ မှတ်ချက်ပေးလိုက်သည်။
"ရုပ်ဆိုးလိုက်တာ။"

လင်ခုံးလု: "?" ဘယ်သူကရုပ်ဆိုးတာလဲ။

သူစဲ့ရှီးအာကိုချက်ချင်းစိန်းစိန်းဝါးဝါးကြည့်လိုက်ပေမဲ့ သူကဘီးကျိုးကိုကြည့်နေဆဲဖြစ်ကြောင်းမြင်လိုင်ရသည်။

အိုး၊ ဘီးကိုပြောတာပဲ။

လင်ခုံးလုစိတ်ငြိမ်သွားသည်။ သူလုပ်နိုင်သည်ဟုမဆိုလို၊ သူကြောက်လွန်းအားကြီးပြီး ဒီကလေးကဝံပုလွေတွေနဲ့နေလာတာကြာတော့ သူ့အလှအပခံစားမှုကာပြောင်းလဲသွားပြီဟုတွေးမိလုနီးပါးဖြစ်သွားခဲ့သည်။

စဲ့ရှီးအာကမှတ်ချက်ပေးပြီးနောက် အနောက်လှည့်ကာတောအုပ်ထဲလျှောက်ဝင်သွားသည်။ တစ်အောင့်ကြာတော့ သူသစ်လုံးနှစ်လုံးနှင့်ထွက်လာပြီး စကားတစ်ခွန်းမဆိုဘဲ သစ်လုံးကိုဖြတ်ကာချောမွေ့အောင်လုပ်လိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now