[၉၉]ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.6K 643 15
                                    

!unicode!

စဲ့ရှီးအာထံမှခြောက်လန့်ခံလိုက်ရသည့် ဝံပုလွေဖြူလေးမှာဟိုဟိုဒီဒီမလှုပ်ရဲတော့ဘဲ လင်ခုံးလု၏လက်မောင်းကြားထဲမှာအပူပေးစက်ပမာအသိုက်ဖွဲ့နေလိုက်ရသည်။

ဒါပေမဲ့ဘယ်လိုပဲကြည့်ကြည့် စဲ့ရှီးအာမှာသက်တောင့်သက်သာမရှိသေးပုံမှာ သူဒီကောင်လေးကိုအဝေးဖယ်ထုတ်ပြီး ထိုနေရာမှာသူအစားဝင်ကာ လူလိမ်လေးကိုနွေးထွေးအောင်လုပ်ပေးလိုက်မှသာ သူသက်တောင့်သက်သာဖြစ်သွားမည့်အလား။

ဒါပေမဲ့သူ့မှာအမွှေးမရှိပေ...

စဲ့ရှီးအာမည်းမှောင်သွားရပေမဲ့ တွေးကြည့်လိုက်တော့ ဒီစိတ်ပိုင်းဆိုင်ရာခံစားချက်ကမှားယွင်းနေသည်ဟုခံစားလိုက်ရသည်။

သူကားသွေးအေးသောနှလုံးသားရှိသည့်ဝံပုလွေဘုရင်ဖြစ်သည်။ သူကသူ့ကိုမချစ်ဘူးဟုပြောရင် သူကသူ့ကိုတကယ်မချစ်ပေ။

သူသူ့ကိုယ်သူတွန်းအားပေးကာ အကြည့်လွှဲပြီး သူ့နှလုံးသားမာထန်အောင်လုပ်လိုက်ရပြီးနောက်....ကျောက်တုံးကြီးဆီသစ်ရွက်များရွှေ့ကာ ကျောက်တုံးကိုမှီလျက်ကွေးကာဆက်အိပ်လိုက်သည်။

အာရုဏ်တက်ချိန်တွင် စဲ့ရှီးအာမျက်စိဖွင့်ပြီး လင်ခုံးလု၏နှဖူးကိုထပ်စမ်းကြည့်မိပြန်ရာ အနည်းငယ်ပူနေသေးမှန်းသိလိုက်ရတော့ မျက်ခုံးများမနေနိုင်ဘဲတွန့်ခေါက်သွားရသည်။

သူတစ်အောင့်ကြာတွေးလိုက်ပြီး ဟုန်ဝေကိုခေါ်ကာ စကားလုံးအနည်းငယ်တီးတိုးပြောလိုက်ပြီးနောက် သူဝံပုလွေအုပ်ကိုကျောခိုင်းလှည့်ထွက်သွားခဲ့သည်။

ဟုန်ဝေမှာအရေးကြီးတာဝန်တချို့ကိုထမ်းဆောင်နေသယောင်၊ တည်ငြိမ်လေးနက်သော​ဝံပုလွေမျက်နှာပေးရှိလျက်။ ခဏကြာတော့သူ့ညီနှစ်ကောင်အာ့ဟုန်နှင့်ရှောင်ဟုန်ကိုခေါ်ကာ ကျောက်တုံးကြီးပေါ်မှာအိပ်နေသည့်လင်ခုံးလုကိုအတူစောင့်ကြပ်ကြသည်။

အစကတော့ဝံပုလွေသုံးကောင်၏မျက်လုံးများမှာခိုင်မာပြတ်သားလှပြီး ကျောက်ရုပ်သုံးရုပ်အလား တောင်ထွတ်ပမာယိမ်းယိုင်မှုမရှိ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now