[၁၃၄] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.3K 625 14
                                    

!unicode!

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၆)။

လင်ခုံးလုမျက်လုံးပင့်ကာရှဲ့ကျင်းဟုန်ကိုကြည့်လိုက်ပြီး သူ၏တည်ငြိမ်ပုံရသောမျက်ဝန်းထဲမှာအမျက်ဒေါသနှင့်စိတ်ပူမှုတို့ကွယ်ဝှက်နေပေမဲ့ သူဟာ"တပည့်လေးအသက်အန္တရာယ်ကြံရလောက်တယ်"ဆိုသည့်ဖြစ်ရပ်၏နာကျင်မှုကြောင့်စိတ်ဖိစီးနေသည့်အလား သူအပြစ်ရှိစိတ်ကိုမရှောင်လွှဲခဲ့ပေ။

ရှန်းကျွင်းလဲဝမ်းနည်းတတ်တယ်လား။

ရှဲ့ကျင်းဟုန်သံကြိုးတင်းနေရင်းတန့်သွားကာ မျက်လွှာချလိုက်သည်။
"ကိုယ်သူ့ကိုသတ်လိုက်ရင်ကော? ဒီတော့ကိုယ်သူ့ကိုမသတ်ရင်ကောဘာဖြစ်လဲ။"

သူကားဂရုမစိုက်ပုံပေါ်ပေမဲ့အမှန်တော့ လင်ခုံးလုကိုစိုက်ကြည့်ကာ တစ်ဖက်လူနက်ရှိုင်းစွာဖုံးကွယ်ထားတာလား၊ ဒါမှမဟုတ်တကယ်ဝမ်းနည်းနေတာလားဆိုတာမြင်ချင်နေမိသည်။

အဆုံးတွင် လင်ခုံးလုကဂိုဏ်းချုပ်တစ်ဦးဖြစ်ပြီး သူဘယ်လောက်မထူးခြားမခြားနားဖြစ်ပါစေ ထိုကဲ့သို့"တပည့်လေးကိုသတ်ပစ်"ဆိုသည့်စကားလုံးကိုနှစ်ခါဆက်တိုက်ကြားလိုက်ရချိန်မှာမထူးခြားမခြားနားဖြစ်မနေနိုင်တော့ပေ။

သူလက်မြှောက်ကာသူ့လည်တိုင်ပေါ်ကသံကြိုးကိုလက်ညိုးနှင့်လက်ခလယ်ဖြင့်ကိုင်ကာ ရှဲ့ကျင်းဟုန်ကိုအေးစက်စက်ကြည့်ပြီးပြောလိုက်သည်။
"မကောင်းဘူးပေါ့။"

သူသံကြိုးကိုပြင်းထန်စွာဆောင့်ဆွဲလိုက်ပြီး သူ့လည်တိုင်ဘေးပွန်းပဲ့ကာနီရဲသွားတာကိုဂရုမထားဘဲ ခပ်မြန်မြန်ဖယ်ထုတ်လိုက်သည်။ ခပ်ပါးပါးသံကြိုးကိုတစ်ဖက်လူ၏လည်တိုင်မှာရစ်ပတ်ကာ အနီးကပ်ဆွဲလိုက်ပြီး သူ့မျက်လုံးမှာအေးစက်လို့နေကာ ခုနကစကားလုံးကိုဆက်ပြောလိုက်သည်။
"မင်းအသက်နဲ့ပြန်ပေးဆပ်လိုက်ရုံပေါ့။"

သူခုတ်ချဖို့ပြင်လိုက်သည့်အလားလက်ဝါးမြှောက်လိုက်သည်။

ရှဲ့ကျင်းဟုန်အကာကွယ်မဲ့သွားပြီး သူ့ကိုယ်ကိုအရှေ့ကိုင်းကာ လက်မြှောက်ပြီးသူ့လက်ဝါးကိုဖမ်းကာ ခပ်ဖွဖွအပြုံးဖြင့်​ပြောလိုက်သည်။
"သနားစရာပဲ၊ ဒါပေမဲ့ဒီဂုဏ်ကျက်သရေရှိတဲ့အရှင်ကကောင်းချီးအပေးမခံခဲ့ရဘူး။ မင်းတပည့်လေးမသေသေးဘူး၊ သူကဒီအရှင်အကျဥ်းချထားတယ်၊ ဒါပေမဲ့သူ့ကြည့်ရတာမီးပြင်းဖိုခန္ဓာကိုယ်ဖြစ်တဲ့ပုံပဲ။ ရှန်းကျွင်းကသူ့ရဲ့လုံခြုံရေးကိုဒီလောက်စိတ်ပူနေတာ၊ တပည့်လေးကို...."

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now