[၉၀] သူဌေးကြီးနှင့်အစားထိုးခံ။

4.2K 709 16
                                    

!unicode!

ကုစစ်၏တည်တင်းသောမျက်နှာထားကိုမြင်လိုက်ရတော့ လင်ခုံးလုမနေနိုင်ဘဲသူ့အကြည့်နောက်လိုက်ကြည့်လိုက်မိသည်။

ပြိုကျသွားသည့်လှေကားများထိပ်၌ ယွီမင်ရှို့လက်ထဲမှာဘယ်တုန်းကမှန်းမသိသေနတ်တစ်လက်ကိုင်ထားကာ သူတို့ကိုရွယ်ထားလျက်ရှိသညိ။

အတိအကျပြောရရင် ကုစစ်ကိုဖြစ်သည်။

လင်ခုံးလု၏နှလုံးသားတင်းကြပ်သွားရကာ ကုစစ်ကိုသူ့အနောက်မှာအလိုလိုပိတ်ကွယ်လိုက်မိသည်။

ဒါပေမဲ့ကုစစ်ကသူ့ခါးကိုဖက်လိုက်ပြီး အားအနည်းငယ်ဖြင့် သူနှင့်နေရာချင်းလဲကာ သူ့အတွက်ဒိုင်းကာလုပ်ပေးလာသည်။

လင်ခုံးလုသူနှင့်အငြင်းအခုံမလုပ်ချင်သဖြင့် ယွီမင်ရှို့ကိုစိုက်ကြည့်ကာ လက်မြှောက်လိုက်သည်။

သူမှတ်မိတာက ABOကမ္ဘာမှာတုန်းက သူစိတ်စွမ်းအားဟုခေါ်သောအရာကိုသုံးကာ လုရန်ကျား၏အသိစိတ်ကိုယ်ထည်ကိုဖျက်ဆီးပစ်ခဲ့ပြီး ခုနတုန်းကလည်းသူယွီမင်ရှို့၏လွတ်မြောက်ရေးစက်ဝန်းကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပေမဲ့ နှစ်ကြိမ်စလုံးတွင်သူဟာတိုက်ရိုက်အထိအတွေ့ရှိနေခဲ့သဖြင့် ခပ်လှမ်းလှမ်းအကွာအဝေးကတော့....မသိပေ။

ထိုအကြောင်းတွေးမိပြီးနောက် ယွီမင်ရှို့ကသူဘာလုပ်မလဲဆိုတာခန့်မှန်းမိသည့်အလား ရုတ်တရက်တခစ်ခစ်ရယ်မောကာမေးလာသည်။
"မင်းကိုယ့်ကိုသတ်ချင်လို့လား။"

လင်ခုံးလုအဖြေမပေးနိုင်ခင် သူကသူ့ဘာသာသူဖြေလိုက်သည်။
"အင်းလေ၊ မင်းအလွယ်လေးလုပ်နိုင်တာပဲကို။"

လင်ခုံးလုခေါင်းခါကာ သူ့ကိုကြည့်ပြီးပြောလိုက်သည်။
"မင်းကမှကုစစ်ကိုထိခိုက်အောင်လုပ်ချင်နေတာ။"

ယွီမင်ရှို့သာဒီအတိုင်းရိုးရိုးbugဖြစ်ပြီး ကုစစ်ကိုသတ်ဖို့ရည်ရွယ်ချက်မရှိဘူးဆိုရင် အာကာက-အချိန်စီမံခန့်ခွဲရေးဌာန၏စည်းမျဥ်းစည်းကမ်းများအရ သူသေချာပေါက်အဖြေရှာပြီး နည်းလမ်းရှာကာ တစ်ဖက်လူကိုပင်မကမ္ဘာကိုပြန်ပို့ပေးမှာဖြစ်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now