[၁၇၀] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.4K 508 8
                                    

Arc(8) -တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ(၁၃)။

"အိုး။"ရှယွိချန်"ဆိုသည့်စကားလုံးကိုကြားလိုက်ချိန်ဖုကျင်စစ်၏မျက်နှာထားမှာပို၍ပင်မည်းတူးသွားကာ သာမန်ကာလျှံကာပြောလိုက်သည်။
"မမှန်လောက်ဘူး။ အဆုံးမှာတော့မင်းတို့က...အလုပ်အတူလုပ်နေကြတာလေ။"

သူကနောက်ဆုံးစကားလုံးလေးလုံးကိုတစ်လုံးချင်းစီပြောလိုက်ပြီး လင်ခုံးလု၏နားရွက်ကိုကိုက်မိသွားလုနီးပါးပင်။

"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၁၀။"

လင်ခုံးလုကြောက်လန့်တကြားတုန်ရီသွားကာ စိုးရိမ်တကြီးရှင်းပြမိသည်။
"မဟုတ် မဟုတ်ပါဘူး၊ ငါကအရမ်းတုံးတယ်။ ငါသာမင်းကိုတကယ်သတ်ခဲ့မယ်ဆိုရင် ငါသေချာပေါက်အမှားဖော်ပြမိမှာပဲ။ ဒါပေမဲ့ရဲတွေရဲ့အလောင်းခွဲစိတ်စစ်ဆေးမှုကဘာမှရှာမတွေ့ဘူးလေ။"

ဒီတော့မင်းပုံမှန်မဟုတ်တဲ့စွမ်းအားတစ်ခုဆီကအသတ်ခံခဲ့ရတာဖြစ်မယ်၊ ငါ့ကိုအပြစ်မတင်ပါနဲ့ကွာ။

ဖုကျင်စစ်အေးစက်စွာနားထောင်လိုက်သည်: "မင်းကဘယ်လောက်တုံးနေလို့လဲ။ ကိုယ့်အထင်ကတော့မင်းဒီနှစ်ရက်မှာအရမ်းဉာဏ်ကောင်းနေခဲ့တာပဲ။ မင်းကိုယ်နဲ့ရှယွိချန်ကိုချော့ခဲ့တာ၊ မင်းကအရမ်းထက်တယ်။"

"မင်းစျာပနခန်းမထဲမှာရှယွိချန်ကိုနမ်းနေခဲ့တာလေ? ကိုယ့်ပုံရှေ့မှာနမ်းရတာစိတ်လှုပ်ရှားဖို့ကောင်းလား။"

လင်ခုံးလုရုတ်ခြည်းရှက်သွားကာတိတ်ကျသွားရသည်။

ဖုကျင်စစ်ထိုမြင်ကွင်းကိုမြင်​ယောင်မိချိန် အလွန်ဒေါသထွက်သွားကာမနေနိုင်ဘဲသူ၏နူးညံ့ညံ့နှုတ်ခမ်းတစ်စုံကိုသူ့လက်မဖြင့်ဖိကာခါးသက်စွာပြောလိုက်မိသည်။
"အရမ်းနူးညံ့လွန်းတယ်။ ရှမျိုးရိုးတစ်စက္ကန့်မှာဒေါသထွက်နေပြီးတော့ နောက်တစ်စက္ကန့်မှာသူနာခံအောင်မင်းသူ့ကိုချော့လိုက်နိုင်တာမဆန်းဘူး။"

"မင်းဘာလို့....ကိုယ့်ကိုချော့ချင်စိတ်မရှိတာလဲ။" စကား၏အဆုံးသတ်တွင် သူ့လေသံမှာရေရွတ်လိုက်သည်။

လင်ခုံးလု: "....." ဒါကငါစွမ်းဆောင်နိုင်တဲ့ကိစ္စလား။ မင်းကsexကြောင့်တက်ကြွသွားတာသိသာနေတာကြီးကို။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now