[၁၄၆] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

2.8K 562 11
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၁၈)။

ရှဲ့ကျင်းဟုန်ကစာအုပ်၏စာမျက်နှာများကိုဖုံးအုပ်နေသည့်မြူကိုကြည့်ကာမျက်မှောင်အသာကြုတ်လိုက်မိသည်၊ ကြည့်ရတာတော့ပဟေဠိဖြစ်သွားပုံပင်။

ထိုစဥ်လင်ခုံးလုခေါင်းအသာလှည့်ကာသူ့မျက်ဝန်းထဲကြည့်ပြီးအရိပ်အမြွက်ပေးလိုက်သည်။
"ဒါကအိပ်မက်တစ်ခုဖြစ်နေမယ်လို့မင်းတွေးကြည့်ဖူးလား။"
အဲ့ဒါကြောင့်စာအုပ်ပေါ်ကစာလုံးနှင့်ပုံများကိုသေချာမမြင်ရခြင်းပင်။

သို့သော်လည်း ဒီအခိုက်အတန့်မှာသူတို့တအားနီးကပ်နေပြီး သူကရှဲ့ကျင်းဟုန်၏ရင်ခွင်ထဲဝင်လုမတတ်ဖြစ်နေကာ ဒီလိုခေါင်းစောင်းလိုက်တော့ သူ့နှုတ်ခမ်းများကသူ့နှုတ်ခမ်းနှင့်ထိကပ်လုနီးပါးဖြစ်သွားသည်။

ရှဲ့ကျင်းဟုန်သူ့ရင်ခွင်ထဲမသေမျိုး၏အေးစက်ကာလှပသောမျက်နှာလေးကိုကြည့်ကာတောင့်တင်းသွားရကာ ရုတ်တရက်ခေါင်းငုံ့ကာ သူ့ကိုနမ်းရှိုက်ပြီးရေရွတ်လိုက်မိသည်။
"အဲ့လိုဆိုရင် ကိုယ့်ရင်ခွင်ထဲမှာမသေမျိုးကိုအိပ်မက်မက်တာကလှပတဲ့အိပ်မက်တစ်ခုဖြစ်မှာပဲ။"

လင်ခုံးလု: ဖာ့ခ်၊ ဒီကလေးကတအားနစ်မြုပ်နေပြီ၊ လုံးဝကယ်မရတော့ဘူးပဲ။

ရှဲ့ကျင်းဟုန်သူ့ကိုစာအုပ်စင်ဆီချက်ချင်းတွန်းဖိကာ နင့်နင့်နဲနဲနမ်းရှိုက်လိုက်သည်။

လင်ခုံးလုအသက်ရှူရခက်လာသည်။ ထိုစဥ် တပည့်ဂိုဏ်းသားနှစ်ယောက်ကစာကြည့်ဆောင်ထဲဝင်လာပုံရကာ အသံများကိုအနီးမှကြားနိုင်ပေသည်။

လင်ခုံးလု၏မျက်နှာရုတ်ခြည်းစိမ်းဖန်သွားရသည်။ ဂိုဏ်းချုပ်နှင့်တောင်ထွတ်သခင်သာစာကြည့်ဆောင်၏၇ထပ်မြောက်ထဲဝင်လို့ရသည်။ ဘယ်လိုလုပ်ဂိုဏ်းသားရှိနိုင်မှာလဲ။ တွေးကြည့်စရာမလို၊ ဒါကရှဲ့ကျင်းဟုန်၏မသိစိတ်ဖြစ်သည်။ ဒီကောင့်ခေါင်းထဲမှာဘာတွေဖြစ်နေတာတုန်း?

ရှဲ့ကျင်းဟုန်ကသူဒီလိုအချိန်မှာစိတ်အာရုံထွေပြားသွားတာကိုအလွန်မကျေမနပ်ဖြစ်သွားပုံရကာ သူ့နှုတ်ခမ်းများကိုကိုက်ပြီး ခပ်တိုးတိုးဆိုလာသည်။
"ရှန်းကျွင်းမလှုပ်နဲ့နော်၊ မဟုတ်ရင်ဂိုဏ်းသားတွေမြင်သွားလိမ့်မယ်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now