!unicode!
dejavuမြင်ကွင်း၊ dejavuကမတော်တဆကြားသွားကာ dejavuကသတိထားမိသွားပြီး dejavu၊ မောက်မောက်ကသူ့ကိုယ်စားအပြစ်တင်လိုက်သည်။
"မင်းကသောက်ရမ်းကောက်ကျစ်တာပဲ၊ မြှောင်။"(*dejavu= လက်ရှိအခြေအနေကိုတွေ့ကြုံဖူးသည့်ရင်းနှီးသောခံစားချက်)
သူ့ကံကောင်းမှုတော့သွားပြီဟုလင်ခုံးလုခံစားလိုက်ရသည်။ ခုနကသူဗီလာထဲကထွက်လာစဥ် သူထိုအကြောင်းတွေးလေလေ လုစစ်၏အခြေအနေကသိပ်မမှန်ဟုပိုခံစားမိလေလေဖြစ်ရာ သူ0687ကိုမေးလိုက်မိသည်။
"မကောင်းတဲ့စိတ်တန်ဖိုးကျသွားပြီလား။"0687ကစစ်ကြည့်ကာပြောလာသည်။
"ဟင်၊ မကျသွားတဲ့အပြင် တက်လာသေးတာလားဟ?!"လင်ခုံးလု: "....."
ထို့နောက် သူတို့စနစ်ကျကျစမ်းစစ်ချက်လုပ်လိုက်ကြပြီး လုရန်ကျားကသူ့အရင်ဘဝကအဖြစ်မှန်ကိုမပြောပြခဲ့သည့်အပြင် သူတို့ဆက်ဆံရေးကိုပင်သွေးခွဲခဲ့တာဖြစ်လောက်သည်ဟုသူတို့နှစ်ယောက်လုံးသဘောတူလက်ခံလိုက်ကြသည်။
"အခြားသူပေါ်မှီခိုအားထားတာကငါ့ကိုယ်ငါအပေါ်မှီခိုအားထားတာထက်ပိုဆိုးမှန်းငါသိလိုက်ရပြီ။"
လင်ခုံးလုမျက်မှောင်ကြုတ်လိုက်မိသည်။
"သူကသေသွားပြီဆိုတော့ ငါဘာလုပ်သင့်လဲ။ ဇာတ်လိုက်ရဲ့မည်းနက်သွားတဲ့တန်ဖိုးကဒီလောက်မြင့်နေတာ၊ သူ့အရင်ဘဝကအထုံးကိုဖြေရှင်းလို့မရတာကြောင့်ဖြစ်လောက်မယ်။ ပြန်သွားကြစို့။"ထို့ကြောင့်သူအနောက်လှည့်ကာပြန်လာခဲ့သည်။
သူကအခွင့်အရေးတစ်ခုရှာကာ သူ့မှတ်ဉာဏ်"ပြန်ရ"ချင်ယောင်ဆောင်ပြီး သူ့အရင်ဘဝကမှတ်ဉာဏ်ကိုပင်ရလာကာ လုစစ်ကိုအဖြစ်မှန်တန်းပြောဖို့စီစဥ်ထားလိုက်သည်။
အဆုံးတွင် လုရန်ကျားကသေသွားပြီမို့ သူ့အရင်ဘဝအကြောင်းအမှန်တရားကိုသိသည့်တစ်ဦးတည်းသောလူမှာမရှိတော့ပေ။ သူဒီကိစ္စမှာကိုယ်တိုင်ဝင်ပါရတော့မှာလား။
ကံကောင်းစွာဖြင့် သူနှင့်လုစစ်မှာအခုဆိုရင်ဆက်ဆံရေးအခြေခံအုတ်မြစ်ရှိနေပြီမို့ အတိတ်မေ့ချင်ယောင်ဖို့မလိုအပ်တော့ပေ။ ဒါပေမဲ့သူပြန်လာတာနဲ့ ဒီလိုမြင်ကွင်းမျိုးနှင့်ကြုံရလိမ့်မည်ဟုသူလုံးဝမထင်ထားမိပေ။
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]
RomanceBOOK-1>Arc(1)-Arc(8) လင်ခုံးလုသည် ခွေ့ချွမ်းကမ္ဘာတွင် အမြှောက်စာဇာတ်ကောင်ဖြစ်ကာ အဓိကဇာတ်ဆောင်ထက်ပင်ပို၍ဆန်ကုန်မြေလေးဆန်ပေ၏။ သူအနားယူတော့မည်အချိန်တွင် ခေါင်းဆောင်ကရုတ်တရက်ပြောလာသည်။ "မင်းသွားခဲ့တဲ့ကမ္ဘာကတစ်ခုခုမှားနေတယ်။ မင်းထပ်သွားရမယ်။" လင်ခုံးလုတွ...