[၁၁] စေ့စပ်ထားသောသတို့သားလောင်း။

7.1K 1.1K 18
                                    

!unicode!

"ကိုကိုကကျွန်တော့်ကိုအလှတရားသုံးပြီးသူ့ကိုဆွဲဆောင်စေချင်တာလား။"

လင်ခုံးလု၏မျက်လုံးများမှာမယုံကြည်နိုင်ဖြစ်မှုအပြည့်နှင့်ပင်၊ သူကွန်ပလိန်းတက်မိသည်။
"အရမ်းမများဘူးလား။ သူကျွန်တော့်ကိုတကယ်ကြိုက်သွားရင်ဘယ်လိုလုပ်မလဲ။ ကိုကိုကကျွန်တော့်ရဲ့စေ့စပ်ထားတဲ့သတို့သားလောင်းလေ၊ ကိုကိုဘယ်လိုလုပ်ပြီးဒီလိုလုပ်နိုင်ရတာလဲ။ ခင်ဗျားဖောက်ပြန်နေတယ်လို့မပြောနဲ့နော်....."

လုစစ်: "....."

သူ့မျက်နှာမှာတမဟုတ်ချင်းမည်းမှောင်သွားရကာ သူဆူငေါက်လိုက်မိသည်။
"ဘာအဓိပ္ပါယ်မရှိတာတွေလဲ။ သူကဘီတာယောင်ဆောင်ထားတဲ့အိုမီဂါပဲ၊ ငါကမင်းကိုသူ့အနားချဥ်းကပ်ပြီးသူငယ်ချင်းဖြစ်ခိုင်းရုံတင်ပဲ၊ မင်းကိုဆွဲဆောင်ခိုင်းနေတာမဟုတ်ဘူး။"

"အိုမီဂါကဘာဖြစ်လို့လဲ။ အိုမီဂါကအိုမီဂါကိုကြိုက်လို့မရဘူးလား။"
လင်ခုံးလုခွန်းတုံ့ပြန်လိုက်သည်။
"အိုမီဂါရဲ့စိတ်ကနူးညံ့သိမ်မွေ့ပြီးတော့ ပိုပြီးစဥ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်။ ကိုကိုမကြားဖူးဘူးလား။ AOကဒီအတိုင်းမျိုးပွားရုံသက်သက်ပဲ၊ OOကမှအချစ်စစ်တဲ့လေ...."

လုစစ်၏နှဖူးမှာအကြောများထောင်လာပြီး သူလှောင်ပြုံးပြုံးလိုက်မိသည်။
"တကယ်ကံဆိုးတာပဲ၊ သူကမင်းရဲ့အနာဂတ်မရီးလောင်းဖြစ်လာလောက်တယ်။"

"မရီးကဘာဖြစ်လို့လဲ။"
လင်ခုံးလုပြောလိုက်သည်။
"ပေါက်စီလောက်အရသာမရှိပေမဲ့ အင်း အင်း....အာ။"

သွားပြီ၊ သရုပ်ဆောင်စွမ်းရည်မှာအလွန်မြန်လွန်းလို့ သူအမှားပြောမိသွားလေပြီ။

တစ်ခုခုမှားယွင်းနေမှန်းအာရုံခံမိသွားရင်း သူအလျင်စလိုဟန်ဆောင်ငိုမနေတော့ဘဲ သူ့မျက်လုံးကိုအုပ်ကာထားသည့်လက်ကိုတိတ်တိတ်လေးအောက်ချလိုက်သည်။

"ဘာဖြစ်တာလဲ။"
လုစစ်သူ့ကိုမျက်လုံးမှေးစင်းကြည့်လိုက်သည်။

"အာ၊ တစ်ဦးတည်းသောအကောင်းဆုံးလူကကျွန်တော့်မရီးပဲ။"
လင်ခုံးလုချက်ချင်းစကားပြောင်းလိုက်ရပြီးမှ သိချင်စိတ်နှင့်မေးမိသည်။
"တကယ်လား။ ဒေါက်တာစုန့်နဲ့ကျွန်တော့်ကိုကြီးက...."

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now