[၁၃၁] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.3K 648 8
                                    

!unicode!

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၃)။

ရှဲ့ကျင်းဟုန်သရုပ်ဆောင်နေမှန်း၊ သူ့ကိုအကွက်ပင်ဆင်ရင်ဆင်ထား၊ ဒါမှမဟုတ်သူဟာသလုပ်တာကိုကြည့်ချင်နေတာမှန်းလင်ခုံးလုသိသည်။

ဒါပေမဲ့သူကအချစ်ကိုအသုံးချကာတပည့်လေးကိုစိတ်ဆိုးဒေါသပြေအောင်(သူ့ကိုယ်သူအပြစ်ဆေးကြောရန်)လုပ်ချင်နေသည့်အေးစက်သောမျက်နှာနှင့်နွေးထွေးသောနှလုံးသားရှိသည့်ဆရာကောင်းတစ်​ယောက်ဖြစ်သည်၊ အထူးသဖြင့်သူတို့ဆုံပြီးလက်ကိုင်လိုက်တုန်းက ဒီကမ္ဘာကဇာတ်လိုက်ဟာလည်းသူ့ချစ်သူဖြစ်ကြောင်းသဘောပေါက်သွားသည်။

ဆိုတော့ဒီအချိန်မှာ သူတပည့်လေး၏မျက်နှာဖုံးကိုသတိမထားမိချင်​ယောင်ဆောင်ရုံသာတတ်နိုင်ပြီး မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
"မင်းဘာလို့ရှစ်စွင်းကိုဒဏ်ရာအကြောင်းမပြောပြခဲ့တာလဲ။"

သူပြောရင်းထရပ်ကာရှေ့တိုးသွားလိုက်ပြီး ရှဲ့ကျင်းဟုန်မတုံ့ပြန်နိုင်မီ သူလက်မြှောက်ကာတစ်ဖက်လူ၏လက်ကိုကိုင်ပြီးဒဏ်ရာပျောက်အောင်လုပ်ပေးလိုက်သည်။

ရှဲ့ကျင်းဟုန်မသိမသာတောင့်ခဲသွားရပြီးနောက် သန့်စင်သောစိတ်စွမ်းအားကသူ့ကိုယ်ထဲဝင်လာပေရာ သူ့မျက်နှာရုတ်ခြည်းဖြူဖျော့သွားရသည်။ သူမိစ္ဆာကိုယ်ဖြစ်လာတာသိပ်မကြာသေးသဖြင့် သူကမတည်ငြိမ်သောအခြေအနေမှာရှိနေတုန်းပင်။ သူကသန့်စင်သောစိတ်စွမ်းအားကြောင့်မျက်နှာပျက်သွားပြီး ဟန်ဆောင်မှုပျက်ယွင်းတော့မလိုဖြစ်သွားကာ ခဏကြာတော့မိစ္ဆာစွမ်းအားပျောက်ကွယ်သွားတော့သည်။

လင်ခုံးလု: အာ၊ မဟုတ်သေးဘူး၊ အခုဒီကလေးကမိစ္ဆာဖြစ်နေပြီဆိုတော့  ငါသူ့ကိုစိတ်စွမ်းအင်ပေးလိုက်လို့မရဘူးလေ။

သူအလျင်စလိုလက်ပြန်ရုတ်ကာ အနည်းငယ်အပြစ်ရှိစိတ်ခံစားလိုက်ရပြီး ဇဝေဇဝါဖြစ်ချင်ယောင်ဆောင်ကာဖုံးကွယ်လိုက်သည်။
"မိစ္ဆာစွမ်းအင်ကဖယ်ရှားရခက်တာကို ဘယ်လိုလုပ်ဒီလိုဖြစ်နိုင်မှာလဲ။ ဒါပေမဲ့မင်းကိုထိခိုက်အောင်လုပ်ခဲ့တဲ့လူကဘယ်လိုပုံစံရှိလဲဆိုတာမင်းမှတ်မိသေးလား။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now