[၁၀၅] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.6K 664 6
                                    

!unicode!

စဲ့ရှီးအာ၏မျက်လုံးများမှာမီးတောက်ငယ်လေးများလောင်ကျွမ်းနေသယောင်၊ သူ့လက်သီးများကိုခပ်တင်းတင်းဆုပ်ထားသည်။ ပြေးလာရင်းလမ်းတစ်ဝက်မှာ ယုန်ကိုလွှတ်ပစ်ပြီး ဥက္ကာခဲဓားနှင့်အစားထိုးလိုက်သည်။ ထိုကိုယ်နေဟန်ထားအရဆို သူ့ကြည့်ရတာဝံပုလွေကိုသတ်ချင်နေပုံရသည်။

ခြေထောက်မကျိုးခင်တုန်းကသာဆိုရင် ဟေးဝေမှာခွန်အားကွာခြားမှုကိုမသိဘဲ ရှေ့တိုးကာသူ့ကိုကိုက်ပစ်မိလိမ့်မည်ပင်။ ဒါပေမဲ့ခြေထောက်အချိုးခံလိုက်ရပြီးနောက်မှာ စဲ့ရှီးအာသူ့ကိုဒီတိုင်းလွှတ်ပေးထားခဲ့တာမှန်းသူနောက်ဆုံးနားလည်သွားပြီမို့ သူထိုဓားနှင့်ထိပ်တိုက်ထပ်တွေ့ရဲမယ်တဲ့လား။ သူခပ်မြန်​မြန်ခုန်ကာ ထော့နဲ့ထော့နဲ့ဖြင့် လင်ခုံးလုနောက်မှာပုန်းလိုက်သည်။

"ဝံပုလွေဘုရင်မ၊ မဟုတ်ဘူး၊ မရီး၊ မင်းငါ့ကိုကယ်ရမယ်နော်။ သူနဲ့ငါနှစ်ကောင်လုံးကိုငါ့အမေကကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာ။ ငါတို့အဖေအမေမတူ၊ မျိုးနွယ်မတူတဲ့ညီအစ်ကိုတွေပဲ။" ဟေးဝေမှာအသက်ရှင်ရန်စိတ်ပြင်းပြနေပြီး အဆက်မပြတ်အမျိုးဆက်နေပေသည်။ "ဒီလိုဆို ငါကမင်းရဲ့မတ်လေးမဟုတ်ဘူးလား။"

လင်ခုံးလု၏နှဖူးပေါ်ကသွေးကြောများထောင်လာပြီး အထူးသဖြင့်ဟေးဝေ၏ညစ်ပတ်ပေရေနေသည့်ခန္ဓာကိုယ်နှင့်အချိန်ဘယ်လောက်ကြာအောင်သူ့အမွှေးကိုမဆေးခဲ့သည့်အပြင် အခုသူ့နောက်မှာပုန်းနေတာကိုတွေးမိလိုက်ချိန်မှာ သူ့ဦးခေါင်းခွံထုံကျင်သွားရသည်။

ဒါပေမဲ့သူဘေးကိုအနည်းငယ်ရွှေ့လိုက်တော့ ဟေးဝေကလိုက်ရွှေ့သည်။

သူ့လက်မောင်းများမှာအားသုံးလို့ရသော်ငြား သူ့ခြေထောက်များမှာသိပ်အများကြီးလှုပ်ရှားမရသေးပေ၊ သူထိုညစ်ပတ်သောဝံပုလွေကိုသူ့လက်များဖြင့်မဆွဲထုတ်ချင်ပေရာ စဲ့ရှီးအာကို​ပြောလိုက်ရသည်။
"အေးပါ၊ သူ့ကိုမရိုက်နဲ့တော့၊ သူကငါတို့ကိုလာတိုက်ခိုက်တာမဟုတ်ဘူး။"

သူတကယ်ကြီးသူ့ကိုတားလာမှန်းမြင်လိုက်ရသော် စဲ့ရှီးအာသိသိသာသာကိုကြောင်အမ်းသွားရသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now