[၁၆၉] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.6K 516 13
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁၂)။

ရှယွိချန်မှာအလွန်စိတ်ချယုံကြည်ရသည်။ သူကကြမ်းပြင်ပေါ်မှာအိပ်မည်ဟုပြောရင်ပြောတဲ့အတိုင်းလုပ်လိမ့်မည်ပင်။ သူကဖုကျင်စစ်ရှာတွေ့သွားပြီးလင်ခုံးလုကိုပြဿနာဖြစ်စေမှာကိုရှောင်ရှားရန် ပြတင်းပေါက်မှတဆင့်အိပ်ခန်းထဲကျော်ဝင်ခဲ့သည်။

သူမိုးရေစိုရွှဲနေတာမြင်တော့ လင်ခုံးလုသူ့ကိုရေမြန်မြန်သွားချိုးခိုင်းကာ သူ၏ကိုယ်ပိုင်ရေချိုးဝတ်ရုံတစ်စုံထုတ်ပေးလိုက်သည်။

လင်ခုံးလု: အင်း၊ နည်းနည်းတော့သေးသလိုပဲ၊ အဆင်ပြေအောင်ဝတ်လိုက်ပေါ့ကွာ။

ရှယွိချန်၏နားရွက်များမှာပူနွေးလို့နေသည်။ သူရေချိုးခန်းထဲမှာရေချိုးနေစဥ်ရှောင်လု၏ရေချိုးဂျယ်လ်ကိုအသုံးပြုခဲ့သည်။ အခုဆိုသူကတစ်ဖက်လူ၏ဝတ်စုံကိုဝတ်ထားသည့်အပြင် ကြမ်းပြင်ပေါ်မှာအိပ်ရာခင်းရန်သုံးထားသည့်အိပ်ရာခင်းမှာလည်းတစ်ဖက်လူဟာဖြစ်သည်......

သူပင့်သက်ရှိုက်မိကာသူ့တစ်ကိုယ်လုံးပူနွေးလာချေသည်။ အကုန်လုံးကတစ်ဖက်လူ၏ခပ်ဖျော့ဖျော့အငွေ့အသက်ဖုံးလွှမ်းလျက်ရှိသည်။

ထိုစဥ် ရေချိုးခန်းထဲမှရေသံထွက်လာပြန်ပြီး ၎င်းမှာလင်ခုံးလုရေစချိုးနေခြင်းပင်။ ထိုအရာမှာသူအခုပဲအသုံးပြုထားသည့်ရေချိုးခန်းဖြစ်သည်။ အပူမှာမပျောက်သွားလောက်သေးပေ၊ လင်ခုံးလုကသူ့အငွေ့အသက်ကျန်နေသေးသည့်နေရာမှာ....မဖြစ်ဘူး၊ သူတွေးကြည့်လို့မရတော့ဘူး။

ရှယွိချန်ရုတ်တရက်သူ့ခန္ဓာကိုယ်ပူနွေးလာရသဖြင့် ကြမ်းပြင်ပေါ်မြန်မြန်လှဲချကာသူ့ကိုယ်သူစောင်အပါးခြုံလိုက်မိသည်။ သို့သော်စောင်ပေါ်မှာခပ်ဖျော့ဖျော့သင်းရနံ့ရှိနေပြီး ၎င်းမှာရှောင်လုကိုယ်ပေါ်ကခပ်ဖျော့ဖျော့သင်းရနံ့နှင့်အလွန်ဆင်တူလေသည်။ သူမနေနိုင်ဘဲရှူကြည့်လိုက်မိပြီးမှ တိတ်တိတ်လေးမျက်စိမှိတ်ကာသူ့အာရုံကိုလွှဲပြောင်းရန်ရေတွက်လိုက်သည်။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိ၊ ရေချိုးခန်းထဲကရေသံရပ်သွားပြီး ခဏကြာတော့လင်ခုံးလုကဆံပင်သုတ်ပြီးနောက်ထွက်လာသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now