[၁၃၆] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3K 788 50
                                    

!unicode!

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၈)။

"ရှစ်စွင်း၊ တပည့်...."
ရှဲ့ကျင်းဟုန်ထပ်ပြောလိုက်သည်။

ဒါပေမဲ့ဒီတစ်ခေါက်တော့လင်ခုံးလုကသူ့အပေါ်မန္တာန်တစ်ခုရွတ်လိုက်ပြီး "ငါ့တပည့်ကတကယ်မလိမ်မာတာပဲ"ဟူသည့်ကူကယ်ရာမဲ့သောအကြည့်ဖြင့် ခေါင်းခါလျက်သက်ပြင်းချလိုက်သည်။

ရှဲ့ကျင်းဟုန်: "ý..."

သူကျင့်စဥ်အဆင့်အကုန်ပြန်ရလာရင် သူသေချာ! ပေါက်! တစ်ဖက်လူကိုလုံးဝလွှတ်မပေးဘူးဟုကျိန်ဆိုသည်။ သူသူ့ရှစ်စွင်းကိုပြန်ခေါ်သွားပြီး သူ့ကျင့်စဥ်ကိုဖယ်ရှားပစ်ကာ သူ့ကိုနေ့တိုင်းသံကြိုးနှင့်ကြာပွတ်ဖြင့်ချည်ထားချင်....အယ်။

သူတွေးနေစဥ် အမေကူကောင်နှင့်နှလုံးစားကူကောင်တိုက်ခိုက်ကြပြန်သည်။

ရှဲ့ကျင်းဟုန်မျက်နှာဖြူဖျော့သွားရကာအံကြိတ်ပြီးကျိန်ဆဲမိသည်: ဒီနှစ်ကောင်ကအဆုံးထိသွားတော့မှာလား။

မဖြစ်ဘူး၊ သူလျော်ကြေးပြန်မယူခင် ကူကောင်သားအမိကိုထုတ်ရမယ်။

ရှဲ့ကျင်းဟုန်၏မျက်နှာထားမှာပျက်ယွင်းလုမတတ်ဖြစ်နေပြီး ယွမ်ပုရှုကိုပင်အနည်းငယ်ဒေါသထွက်မိသည်၊ အဲ့ကောင်ကကူကောင်နှစ်ကောင်ကိုခွဲထားလို့မရဘူးလား။

ထိုစဥ်လင်ခုံးလုမျက်စိဖွင့်ကာတစ်ချက်ခိုးကြည့်လိုက်သည်။ ဒါကိုမြင်တော့သူသံသယဝင်စွာတွေးမိသည်: ဟက်၊ ဒီတပည့်လေးရဲ့သည်းခံနိုင်စွမ်းကိုသန်မာအောင်လုပ်ဖို့လိုအပ်တယ်။ ရေစိမ်တာဘယ်လောက်ကြာမှာမို့လို့တုန်း?"

"မဟုတ်ဘူး၊ ကူကောင်နှစ်ကောင်ထပ်တိုက်နေကြတာ။" 0687ကဆိုသည်။

လင်ခုံးလု: "?"

"နှလုံးစားကူကောင်ကမင်းကိုခုနကကိုက်ချင်နေတာ၊ ဒါပေမဲ့အမေကူကောင်ဆီပြန်ကိုက်ခံလိုက်ရတာမို့ သူပစ်မှတ်ပြောင်းပြီးအမေကူကောင်ကိုကိုက်တော့တာပဲ။" 0687ကရှင်းပြလာသည်။

လင်ခုံးလု: "....." ငါ့မှာကူကောင်တကယ်ရှိနေတာပဲ။

သို့သော်လည်း အမေကူကောင်ကသန့်စင်သောစွမ်းအားကိုစုပ်ယူပြီးတဖြည်းဖြည်းချင်းပိုမိုသန်မာလာသည်နှင့် နှလုံးစားကူကောင်ကအနိုင်ရဖို့ခက်လာသဖြင့် အနာဂတ်မှာရှုံးနိမ့်သွားလိမ့်မည်ပင်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now