[၁၆၅] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.9K 530 15
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၇)။

ဖုကျင်စစ်ဒါကိုပြောပြီးနောက် လင်ခုံးလုကသူပြောတာနားမထောင်ဘဲ ရှယွိချန်အပေါ်ခံစားချက်များရှိနေအုံးမှာစိုးသဖြင့် သွယ်ဝိုက်နည်းဖြင့်ထပ်ပေါင်းပြောလိုက်သည်။
"ပြီးတော့မင်းယောက်ျားရဲ့သေဆုံးမှုကမတော်တဆမဟုတ်ဘူး။ ရှယွိချန်ပါနေလောက်တယ်။"

လင်ခုံးလုဒါကိုကြားလိုက်ရချိန် သူ့မျက်နှာရုတ်ခြည်းဖြူဖျော့သွားကာ လက်သီးဆုပ်လျက်ခဲရာခဲဆစ်ပြောမိသည်။
"မ မဖြစ်နိုင်ဘူးနော်?"

ဖုကျင်စစ်နှာအသာမှုတ်ကာ ခပ်ပေါ့ပေါ့လေသံဖြင့်ပြောလိုက်သည်။
"သူ့မှာမင်းယောကျ်ားကိုသတ်ခဲ့တဲ့လူတွေနဲ့ပိုက်ဆံအပေးအယူရှိတယ်လေ၊ မင်းဘယ်လိုထင်လဲ။"

ရှယွိချန်ကဖုမိသားစု၏၇ယောက်မြောက်ဦးလေးဖုဝေရှန်ကိုကူညီရန်ပိုက်ဆံသုံးပြီး တစ်ခုခုလုပ်ခဲ့သည်။ ၎င်းမှာအရင်ဘဝဖူကျင်စစ်တစ်ယောက်တစ္ဆေဖြစ်နေစဥ်မတော်တဆကြားသိခဲ့ရခြင်းပင်။ အသေးစိတ်ကိစ္စကိုတော့သူမကြားခဲ့။

သို့သော်သူလင်ခုံးလုကိုပြောလိုက်သည့်စကားမှာအတုအယောင်မဟုတ်ပေ။ ဖုဝေ့ရှန်ကသူ့ကိုထိခိုက်အောင်လုပ်ရန်တကယ်စီစဥ်ထားခဲ့ပြီး ရှယွိချန်ကထိုကိစ္စမှာတကယ်ပါဝင်နေခြင်းပင်။ ဒါကိုကြားပြီးနောက်လင်ခုံးလုဘာတွေးမလဲဆိုတာကတော့ သူ့ထိန်းချုပ်မှုကိုကျော်လွန်သွားပြီပင်။

လင်ခုံးလုကရှော့ခ်ရသွားကာမယုံကြည်နိုင်ဖြစ်မိလျက် တုန်ရီသောအသံဖြင့်ဆိုမိသည်။
"ခင်ဗျား ခင်ဗျားဆိုလိုတာက ရှ ရှ....သူကကျွန်တော့်....ယောကျ်ားကိုသတ်ခဲ့တာပေါ့?"

ဖုကျင်စစ်ကနှာအသာမှုတ်လိုက်ပြီး ဟုတ်သည်မဟုတ်သည်မပြောလိုက်ပေ။

အမှန်တော့သူသိပ်မသေချာပေ။ လူသတ်သမားကဘယ်လောက်သတိရှိရှိ ပြစ်ချက်တစ်ခုခုရှိမှာသေချာသည်။ ဒီကနေ့ခေတ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးနည်းပညာမှာလျင်မြန်စွာတိုးတက်နေပြီမို့ တစ်ခုခုရှာမတွေ့ရန်မဖြစ်နိုင်။

အထူးသဖြင့်သူ့မတော်တဆမှုမဖြစ်ခင်တုန်းက သူရုတ်တရက်နေထိုင်မကောင်းဖြစ်ကာဇဝေဇဝါဖြစ်နေခဲ့သည်။ သို့သော်လည်းအရင်ဘဝမှာမှုခင်းဆရာဝန်ကဘာမှရှာမတွေ့ခဲ့သဖြင့် အဆုံးသတ်မှာအမှုကိုမတော်တဆမှုအဖြစ်ပိတ်ချရုံသာတတ်နိုင်ခဲ့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now