[၁၄၂] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.1K 561 6
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၁၄)။

လျို့ဝှက်နယ်မြေဝင်ပေါက်ဝ၌ အခြားဂိုဏ်းများမှကျင့်ကြံသူများစွာစုဝေးနေကြပြီပင်။ ခန်းရွှမ်ဂိုဏ်းကကျင့်ကြံသူများရောက်လာတာမြင်တော့ ပိုငယ်သောဂိုဏ်းများမှကျင့်ကြံသူတချို့က​ရှေ့တိုးကာနှုတ်ဆက်လာကြသည်။

ကြီးမြတ်သောဂိုဏ်းအများအပြား၏ဦးဆောင်သူအကြီးအကဲမိားမှာသီးသန့်ဆန်ကြပြီး လူအိုကြီးများကဘေးမှာတန်းစီထိုင်ကာလင်ခုံးလုအရင်နှုတ်ဆက်စကား​ပြောလာမှာကိုစောင့်နေကြသည်။ သူတို့အများစုမှာလင်ခုံးလု၏ဆရာထျန်းခန်ဇစ်နှင့်မျိုးဆက်တူတူပင်ဖြစ်သည်။

ထိုလူများအနက်ရှဲ့ကျင်းဟုန်၏ယခင်ရန်သူများမှာလူကောင်းမဟုတ်မှန်းလင်ခုံးလုသိလိုက်ရသဖြင့် ထိုနေရာကိုမသွားဘဲလျို့ဝှက်နယ်မြေထဲတန်းဝင်ရန်စီစဥ်ထားလိုက်သည်။

အမှန်တော့လျို့ဝှက်နယ်​မြေပွင့်လာရင် အချိန်မရွေးဝင်လို့ရသည်ပင်။ လူတိုင်းဒီီနေရာမှာစုနေကြတာက လူပိုများလာတာကိုစောင့်ပြီးသူတို့အန္တရာယ်ကင်းမှန်းသေချာအောင်လုပ်ရုံသာ။ ဒါပေမဲ့တစ်ခါတလေ၊ ကျင့်ကြံသူများတဖြစ်လဲလူသားများကလျို့ဝှက်နယ်မြေထဲမှာအန္တရာယ်များကြသည်။

ရှဲ့ကျင်းဟုန်လည်းအရင်ဘဝကရင်းနှီးသောပုံရိပ်များကိုကြည့်ကာ သူ့မျက်လုံးများအေးစက်သွားရသည်။

ထိုစဥ် ထိုက်ချင်းဂိုဏ်း၏ဂိုဏ်းချုပ်ချီဟွာကသူ့ကိုတစ်ချက်လှမ်းကြည့်ကာ ရုတ်တရက်မျက်စိမှိတ်ပြီးဗေဒင်တွက်ကြည့်လိုက်သည်။

တုယွဲ့ဂိုဏ်း၏အကြီးအကဲခုန်းရှန်သာလျှင်လင်ခုံးလုကိုမြင်သွားပြီးနောက်မှာသူမနှုတ်ခမ်းကိုခပ်ဖွဖွအပြုံးဖြင့်ဖုံးကွယ်ပြီးဆိုလာသည်။
"ဒါကဓားရေးဂိုဏ်းစုတ်ကဂိုဏ်းချုပ်ရှောင်လုမဟုတ်လား။ မင်းကိုမတွေ့ရတာသုံးနှစ်ရှိပြီကို အရမ်းကြည့်ကောင်းနေတုန်းပါပဲလား။ အတူကျင့်ကြံဖို့ရှစ်မေ့တစ်ယောက်လောက်ရှာဖို့စိတ်ဝင်စားလား။ စိတ်ဝင်စားရင် ဒီမမကကိုယ့်ကိုယ်ကိုအကြုံပြုတယ်နော်၊ ရှစ်တိ..."

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now