[၁၇၂] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.4K 493 5
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁၅)။

လင်ခုံးလုကရှက်သွားပုံရကာ သူ့အကျီထောင့်စွန်းကိုဆုပ်ပြီး တီးတိုးပြောလိုက်သည်။
"ဒီတိုင်း....အကျီပေါ်ကကြည့်လို့မရဘူးလား။ ကျင့်စဥ်မြင့်တဲ့တောက်ချန်ကတိမ်တွေကိုဖောက်ထွင်းမြင်နိုင်ပြီးတော့ ပြင်ပအရာဝတ္ထုတွေကိုဖြတ်ပြီးတစ္ဆေစွမ်းအင်ကိုအာရုံခံနိုင်တယ်ဆို။"

သူ့ရင်ထဲမှာတကယ်တွေးနေတဲ့အရာကတော့ မင်းကပေါက်ပေါက်ဖောက်ပြီးလှည့်စားနေတဲ့တောက်ချန်အတုလို့လေ၊ ဒီတော့ ဒီလိုမျိုးဟန်ဆောင်နေတာရပ်လိုက်တော့။

သို့သော်ဖုကျင်စစ်ကခေါင်းခါကာသဘောမတူပေ။
"မဒမ်၊ မဒမ်ပြောတာကသာမန်လူတစ်ယောက်ရဲ့စကားသက်သက်ပဲ။ ဒါပေါ့ တစ္ဆေစွမ်းအင်ကိုအဝတ်ကနေတဆင့်ဖောက်မြင်နိုင်တယ်ဆိုပေမဲ့ အတိအကျမမြင်နိုင်တော့ တစ္ဆေစွမ်းအင်ပမာဏကိုဆုံးဖြတ်ဖို့ခက်တယ်။ တိမ်တိုက်တွေကိုမျက်လုံးနဲ့ဖောက်မမြင်နိုင်ဘူးလေ။ အဲ့ဒါကချဲ့ကားပြောဆိုမှုသက်သက်ပဲ။ ပင်းတောက်တို့သာအကျီကိုဖောက်ပြီးတစ္ဆေစွမ်းအင်ကိုမြင်နိုင်တယ်ဆို ပင်းတောက်ရှေ့မှာရှိနေချိန်မှာမဒမ်ကဘာမှမဝတ်ထားဘူးလို့မဆိုလိုသွားဘူးလား။"

သူလင်ခုံးလု၏စကားများကိုတမင်တုံ့ပြန်လိုက်ပေမဲ့ သူကတော့လေးနက်နေပုံရတုန်းပင်။

လင်ခုံးလုကဒေါသဖြင့်ရှက်သွေးဖြာသွားသည်။ သူဒါကိုမြင်တော့ ခပ်ဖွဖွ"အာ"ဟုဆိုကာ အလွန်ရိုးသားမစစ်မှန်စွာတောင်းပန်လိုက်သည်။
"စိတ်မရှိပါနဲ့၊ ပင်းတောက်ကနှစ်ပေါင်းများစွာပြင်းပြင်းထန်ထန်ကျင့်ကြံအားထုတ်နေခဲ့တာ။ ပင်းတောက်ကသူများတွေနဲ့အဆက်အဆံလုပ်တဲ့နေရာမှာမတော်ဘူးလေ။ ပင်းတောက်ကတည့်တိုးပြောတတ်တယ်။ မဒမ်ကိုအဆင်မပြေဖြစ်သွားစေတဲ့စကားပါသွားလို့လား။"

လင်ခုံးလု: ....မင်းဒီလိုထပ်ပြောနေရင်တော့ငါဒရိုင်ဘာကိုလှမ်းခေါ်လိုက်တော့မယ်။

သို့​သော်လည်း အခုရှယွိချန်ကိုလှမ်းခေါ်တာကအသုံးမဝင်မှန်းသူလည်းသိသည်။ ဖုကျင်စစ်ကအခန်းထဲမှာအရံအတားတစ်ခုတည်ပြီး သူအထဲဝင်လာသည့်ပခိုက်အတန့်မှာသူ့ကိုအပြင်လောကနှင့်သီးသန့်ခွဲထုတ်လိုက်ပြီပင်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now