[၁၅၈] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.6K 571 21
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၃၀) (ဇာတ်သိမ်းပိုင်း)။

လင်ခုံးလုမှာရုတ်တရက်ပွေ့ဖက်ခံလိုက်ရသဖြင့် သူ့ခန္ဓာကိုယ်အလိုလိုတောင့်တင်းသွားရကာ မနေ့ညကပုံရိပ်ကသူ့စိတ်ထဲမှာအလိုလိုပေါ်လာသည်။ တစ်ဖက်လူကသူ့ကိုအနောက်မှဒီလိုမျိုးပွေ့ဖက်ထားပြီး သူ့လက်များကိုသူ့ဝမ်းဗိုက်အောက်ပိုင်းမှာဖိတင်ကာ.....

ထိုအချိန်ကရှဲ့ကျင်းဟုန်မှာအခုလိုမျိုးသနားစရာမကောင်းဘဲကြောက်မက်ဖွယ်ကောင်းအောင်သန်မာလှပေသည်။

လင်ခုံးလု၏နားရွက်များမှာ​ဖော်ပြမရအောင်ပူနွေးသွားရပေမဲ့ သူခေါင်းလှည့်လိုက်ချိန်သူ့နှုတ်ခမ်းကတစ်ဖက်လူ၏နှုတ်ခမ်းနှင့်ထိလုမတတ်ဖြစ်သွားရသဖြင့် သူအလျင်စလိုပြန်လှည့်လိုက်မိသည်။

"မင်း...အရင်လွှတ်လိုက်။" သူသူ့ကိုယ်သူတည်ငြိမ်အောင်တွန်းအားပေးလိုက်ရသည်။

ရှဲ့ကျင်းဟုန်မှာ၎င်းကိုမြင်ပေမဲ့တအားကြီးမတိုးရဲသဖြင့် စိတ်မကောင်းစွာလွှတ်ပေးလိုက်မိသည်။ သို့သော်လင်ခုံးလုဓားကိုစထိန်းချုပ်လိုက်ချိန်မှာ သူတူညီသောလှည့်ကွက်ကိုထပ်သုံးကာသူ့လက်မောင်းကိုတင်းကြပ်လိုက်သည်။

"မင်း!" လင်ခုံးလုမသိမသာခေါင်းလှည့်လိုက်မိသည်။

ရှဲ့ကျင်းဟုန်ကအလျင်စလိုရှင်းပြလာသည်။
"ခန်းရွှမ်ဓားကတအားကျဥ်းလွန်းတယ်။"

ဖော်ပြချက်မှာရပ်ဖို့နေရာအကန့်အသတ်ရှိသဖြင့်အနားကပ်ထားရမည်ဟု။

လင်ခုံးလုရင်ထဲမှာသက်ပြင်းအသာချမိကာမျက်နှာသေဖြင့်ပြောလိုက်သည်။
"ဒါဆိုမင်းဓားမင်းစီးလေ။"

မထင်မှတ်ထားစွာဖြင့် ရှဲ့ကျင်းဟုန်ကနှုတ်ခမ်းစေ့ကာဆိုလာသည်။
"ကျွန်တော့်ဓားပေါ်မှာ'လု'ဆိုတဲ့စာလုံးရှိလို့ ကျွန်တော်မလုပ်နိုင်ဘူး။"

လင်ခုံးလု: "....." အာဟုတ်သားပဲ၊ ဓားပျံစီးတာကသမင်ကိုစီးတာပဲမဟုတ်လား။

သူ့မျက်နှာနီရဲတောက်လောင်သွားကာ ဒီကောင်လေးကိုလျစ်လျူရှုထားလိုက်တော့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now