[၁၆၄] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.7K 544 8
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၆)။

လင်ခုံးလုသုံးစက္ကန့်မျှသာတုံ့ဆိုင်းသွားပြီးနောက် တစ္ဆေလောင်ကုန်းကိုအရင်ထိန်းရန်ခက်ခဲသောရွေးချယ်မှုကိုပြုလုပ်လိုက်သည်။

အဆုံးမှာတော့ဒီလူကသူ့ချစ်သူ၊ ကံကြမ္မာသားတော်(သို့)မကောင်းသောတစ္ဆေဖြစ်သည်။ သူ့ကိုမထိန်းရင် သူ့ဘဝချို့ယွင်းသွားလိမ့်မည်ပင်။

"ငါကားနောက်တစ်စီးပြောင်းစီးတာပိုကောင်းမယ်။" သူရုတ်ခြည်းရှယွိချန်ကိုပြောလိုက်သည်။
"ဒီကားကဖု...​ကျင်စစ်ငါ့ကိုပေးထားတာ။ ငါဒါကိုမြင်ရင်ကျင်စစ်ကိုတွေးမိသွားပြီးတော့နာ​ကျင်ရတယ်...."

သူကအလွန်စိတ်မကောင်းဖြစ်နေသည့်အလား ခေါင်းအသာငုံ့ကာခပ်တိုးတိုးဆိုလိုက်သည်။

ရှယွိချန်၏မျက်နှာအနည်းငယ်ရုပ်ဆိုးသွားရသည်။ သူကတစ်ခုခုကိုထိပြီးတော့နာကျင်သွားတယ်လား။ ဘာနာတာလဲ။

အမှန်တော့သူမတုံးပေ။ ချင်းရှီရွာကိုရောက်စဥ်ကတည်းက လင်ခုံးလုသူနှင့်ခပ်ခွာခွာနေနေမှန်းသူခံစားလို့ရသည်၊ အထူးသဖြင့်ဖုကျင်စစ်၏သေဆုံးမှုကိုသိရပြီးနောက်ပိုင်းမှာဖြစ်သည်။ အဆုံးမှာတော့သူကသူ့အတွက်မကိုက်ညီလို့များလား။

လင်ခုံးလုသူ့ကိုတိတ်တခိုးတစ်ချက်ကြည့်လိုက်ပြီးမှနှုတ်ခမ်းစေ့ကာပြောလိုက်သည်။
"ဒါပဲ၊ ငါအရင်သွားတော့မယ်။"

ရှယွိချန်၏မေးရိုးတင်းကြပ်သွားရသည်။ သူအနောက်လှည့်သွားချိန် သူတို့အနားမှာလူရှိနေသည့်အပြင် သူဟာဒီအချိန်မှာဒရိုင်ဘာသက်သက်မျှသာဖြစ်သည့်အချက်ကိုရုတ်တရက်လျစ်လျူရှုလိုက်မိသည်။ သူကခုခံလိုဟန်နှင့်သူ့အလုပ်ရှင်ဇနီး၏လက်ကောက်ဝတ်ကိုလှမ်းဆွဲကာမေးလိုက်သည်။
"မင်းကဘယ်သူ့ကားစီးချင်လို့လဲ။"

သူ့လေသံမှာတည်ငြိမ်လို့နေပြီး သူ့စိတ်ခံစားချက်ကိုဖိနှိပ်ထားလေသည်။

လင်ခုံးလုမှာပိန်သွယ်ကာလှပသောခန္ဓာကိုယ်ရှိပြီး သူ့လက်ကောက်ဝတ်မှာလည်းပိန်ပါးကာဖြူစွတ်လို့နေသည်။ သူဟာတစ်ဖက်လူထံမှအလွယ်လေးခပ်တင်းတင်းဆုပ်ကိုင်ခံလိုက်ရသည်။ သူရုန်းထွက်ရန်ပြင်လိုက်စဥ် သူ့လက်ကောက်ဝတ်ပေါ်ကအရေပြားမှာတစ်ဖက်လူ၏လက်ဝါးပေါ်ကခပ်ပါးပါးအသားမာကြောင့်နီရဲကာပူနွေးသွားချေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now