!unicode!
လင်ခုံးလုရုတ်ခြည်းရှက်သွားရကာ အမြန်ရှင်းပြလိုက်ရသည်။
"စုန့်လူ...ကိုကြီး၊ ကိုကြီးအထင်လွဲနေတာပါ၊ တကယ်တော့ကျွန်တော်သူနဲ့ဟာသပြောနေတာရယ်?""ဟာသ?" စုန့်ယွင်ဝေလက်ချောင်းကြားရှိအပြာရောင်လျှပ်စီးကွေးမှာအနည်းငယ်မှိန်သွားသည်။
ကျန့်စစ်ကမှင်သေသေဆိုသည်။
"အဆုံးမှာ မျိုးဆက်ကွာဟမှုရှိနေတော့ သူနားမလည်တာပုံမှန်ပါပဲလေ။"စုန့်ယွင်ဝေ: "....." မင်းတို့ရဲ့ဝါသနာတွေကိုငါတော်တော်လေးနားမလည်ဘူးရယ်။
သူဒီကောင့်ကိုအာရုံမစိုက်တော့ဘဲ သူ့စွမ်းရည်ကိုသိမ်းကာ ဟိုဘက်လှည့်ပြီးသူ့ညီလေးကိုကြည့်ကာ မသိမသာချဥ်တူးနေသောလေသံဖြင့်-
"ရှောင်လု၊ မင်းကိုယ့်ကိုကျကိုကိုလို့တစ်ခါမှမခေါ်ဖူးဘူးနော်။"လင်ခုံးလု: "အာ။" ကိုကြီးကကိုကိုနဲ့အတူတူပဲမဟုတ်ဘူးလား။
သူတစ်အောင့်ကြာတုံ့ဆိုင်းသွားပြီးမှပြောလိုက်သည်။
"ဒါဆို....ကိုကို?"စုန့်ယွင်ဝေပြုံးလိုက်ပြီး သူ့မျက်လုံးများမှာပျော်ရွှင်မှုအပြည့်နှင့်ပင်။
ကျန့်စစ်မဖော်ပြနိုင်လောက်အောင်ဝမ်းနည်းသွားရကာ လင်ခုံးလုမျက်နှာကိုစိုက်ကြည့်ပြီး အလေးအနက်ပြောမိသည်။
"သူ့ကြောင့်မင်းကိုယ်နဲ့လမ်းခွဲပြီးကတည်းက မင်းကိုယ့်ကိုကိုကိုလို့သိပ်မခေါ်တော့ဘူးနော်။"ဘာပဲဖြစ်ဖြစ် သူလည်းကြားချင်တယ်။
လင်ခုံးလု: "?" ဒါကလည်းသဝန်တိုဖို့ထိုက်တန်တာလား။
စုန့်ယွင်ဝေ: "...." ဘာလို့ဒီယောက်ဖကသိပ်ကိုစိတ်ပျက်စရာကောင်းရတာလဲ။
လုံးဝလျစ်လျူရှုခံထားရသည့်နဥ်ကျယ်ကဆိုသည်: "....."
သူမိန်းမောလျက်တွေးမိသည်: ဘာတွေဖြစ်ကုန်တာလဲ။ လူနှစ်ယောက်ကယောက်ျားတစ်ယောက်အတွက်ပြိုင်ဆိုင်နေကြတာလား။ ငါ့ရှေ့ကလက်ဖက်စိမ်းလေးကတကယ်ကြီးလှေနံနှစ်ဖက်နင်းနေတာလားဟ။ နိုးနိုး၊ အရှင်သခင်သွမ့်ရွှေပြောတာမှန်တယ်၊ သူအတော်လေးအောင်အောင်မြင်မြင်လုပ်ခဲ့တာပဲ။
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]
RomanceBOOK-1>Arc(1)-Arc(8) လင်ခုံးလုသည် ခွေ့ချွမ်းကမ္ဘာတွင် အမြှောက်စာဇာတ်ကောင်ဖြစ်ကာ အဓိကဇာတ်ဆောင်ထက်ပင်ပို၍ဆန်ကုန်မြေလေးဆန်ပေ၏။ သူအနားယူတော့မည်အချိန်တွင် ခေါင်းဆောင်ကရုတ်တရက်ပြောလာသည်။ "မင်းသွားခဲ့တဲ့ကမ္ဘာကတစ်ခုခုမှားနေတယ်။ မင်းထပ်သွားရမယ်။" လင်ခုံးလုတွ...