[၁၁၆] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.5K 647 6
                                    

!unicode!

လင်ခုံးလုမှာဝံပုလွေဖြူလေးကိုအံ့အားသင့်စွာတစ်ချက်ကြည့်လိုက်မိပေမဲ့ သူဘာလို့သူပြောသည့်"လူသား"စကားများကိုနားထောင်နိုင်လဲဟုမမေးဘဲ စဲ့ရှီးအာကိုဆက်မေးလိုက်သည်။
"လော့ယွီချန်ပြောတဲ့လူကဘယ်သူလဲမင်းမသိချင်ဘူးလား။"

"အဲ့လိုလူမရှိဘူး၊ သူကိုယ့်ကိုလိမ်ပြောခဲ့တာ။" စဲ့ရှီးအာမှာအသက်ရှင်သန်ရန်ပြင်းထန်သောဆန္ဒဖြင့်ခေါင်းခါပြလိုက်မိသည်။

"မဟုတ်ဘူး။" လင်ခုံးလုသူ့ကိုလေးနက်သောမျက်ဝန်းများဖြင့်ကြည့်ကာပြောလိုက်သည်။ "ရှိတယ်။"

စဲ့ရှီးအာတစ်အောင့်ကြာလန့်သွားကာ ချက်ချင်းသတိချပ်လိုက်မိသည်။

လင်ခုံးလုမျက်လုံးများကွေးညွတ်ကာ တောက်ပစွာပြုံးလိုက်သည်။ "မင်းလေ။"

စဲ့ရှီးအာကြောင်အမ်းသွားရပြန်ကာ သူဆိုလိုတာကိုနားလည်သွားပြီးနောက် မနေနိုင်ဘဲပြုံးလိုက်မိပြီး သူ့မျက်လုံးမှာတောက်ပသွားပုံပင်။

လော့ယွီချန်ပြောခဲ့တာကရှောင်လုမှာသဘောကျတဲ့တစ်စုံတစ်ယောက်ရှိပြီး အဲ့လူကသူဆိုပြီးတော့ရှောင်လုကပြောလာတယ်၊ ဒီတော့ဒီစကားကရှောင်လုသူ့ကိုချစ်ကြောင်းတိတ်တခိုးဖော်ပြလိုက်တာမဟုတ်လား။

"တင် မကောင်းတဲ့စိတ်တန်ဖိုး -၁ -၁....."

လင်ခုံးလုမသိမသာနှုတ်ခမ်းကွေးလိုက်မိပြီးမှ ရှောင်ပိုင်ကိုရည်ညွှန်းကာမေးမိသည်။
"မင်းသူ့ကိုလူစကားသင်ပေးလိုက်တာလား။"

စဲ့ရှီးအာကခေါင်းငြိမ့်သည်: "ကိုယ်ခုနကပဲသင်ပေးလိုက်တာ။"

ထိုစကားကိုကြားသော်လင်ခုံးလုအံ့သြသွားရသည်။ "ရှောင်ပိုင်ကအဲ့လောက်ဉာဏ်ကောင်းတယ်လား။"

စဲ့ရှီးအာ: "...." သောက်ကျိုးနည်းဉာဏ်ကောင်း။

အမှန်တော့ ဝံပုလွေဖြူလေးကဘာမှနားမလည်ပေ။ သူက"ယုံကြည်"နှင့်"မယုံကြည်"ဟူသည့်စကားလုံးကိုသာကြားကာ ဒီတိုင်းခန့်မှန်းလိုက်ခြင်းဖြစ်ပေမဲ့မှန်သွားသည်ပင်။

စဲ့ရှီးအာကလင်ခုံးလုကိုဒီငတုံးဝံပုလွေပေါက်ဆီအာရုံမရောက်စေချင်သဖြင့် ခပ်မြန်မြန်သူ့လက်သန်းလေးကိုချိတ်ကာ အနားကိုင်းပြီး နူးညံ့စွာပြောမိသည်။
"ရှောင်လု၊ မင်းခုနကပြောတဲ့စကားကိုယ်ကြားချင်သေးတယ်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now