[၁၃၅] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.1K 609 21
                                    

!unicode!

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၇)။

ရှဲ့ကျင်းဟုန်၏မျက်နှာထားမှာခန္ဓာကိုယ်အားနည်းမှုကြောင့်သိပ်မကောင်းပေမဲ့ သူ့နှလုံးသားနာကျင်သွားသည့်အခိုက် သူ့မျက်နှာရုတ်ခြည်းဖြူဖျော့သွားရသည်။

သူအစကလင်ခုံးလုကိုယ်ထဲမှာကလေးကူကောင်ကိုထည့်ပြီး သူသွေးအနှစ်ကျွေးထားသည့်ရုပ်သေးရုပ်မှာအမေကူကောင်ကိုထည့်ဖို့စီစဉ်ထားသည်။ ထိုမှသာ သူ၏သိပ်ကောင်းသောရှစ်စွင်းအလွယ်လေးသေဆုံးသွားမှာမဟုတ်ဘဲ သူလည်းစိတ်ခံစားချက်နာကျင်မှုကိုကြည့်ရှုခံစားလို့ရပေမည်။ ခြုံပြောရရင်သူ့ကိုယ်သူထဲမှာမထည့်ချင်ပေမဲ့ အခုတော့...

ရှဲ့ကျင်းဟုန်မနေနိုင်ဘဲလွင့်ထွက်ကာသတိမေ့သွားသည့်အနက်ရောင်ဝတ်မိစ္ဆာကျင့်ကြံသူကိုကြည့်လိုက်မိပြီး သူ့မျက်လုံးမှာအေးစက်လို့နေသည်။ ဒီလူသာရုတ်တရက်မပေါ်လာခဲ့ရင် သူဘယ်လိုလုပ်...

သူတွေးနေစဉ် သူ့နှလုံးနာကျင်လာပြန်ကာ သူ့အသက်ရှုနှုန်းမသိမသာတန့်သွားပြီး သူ့ပုံရိပ်ယိမ်းထိုးသွားချေသည်။

လင်ခုံးလုကဘာကြောင့်မှန်းမသိသဖြင့် သူ့ကိုအလျင်စလိုကူတွဲကာ မျက်မှောင်ကြုတ်ပြီးမေးမိသည်။
"မင်းဒဏ်ရာရထားတာလား။"

သူရှဲ့ကျင်းဟုန်၏တုံ့ပြန်မှုကိုမစောင့်ဘဲ အရင်ဆုံးတစ်ဖက်လူ၏လက်ကောက်ဝတ်ကိုလှမ်းဆွဲကာသွေးခုန်နှုန်းကိုစမ်းကြည့်လိုက်ပြီးနောက် တစ်ဖက်လူမှာစွမ်းအားအကုန်ဆုံးရှုံးသွားမှန်းသိလိုက်ရလို့အံ့သြသွားမိသည်။

ရှဲ့ကျင်းဟုန်ချက်ချင်းလက်ပြန်ရုတ်ကာ နာကျင်မှုဖြင့်တွန့်ဆုတ်စွာပြောလိုက်သည်။
"ကျွန်တော်ဘာမှမဖြစ်ပါဘူး၊ ရှစ်စွင်းစိတ်မပူပါနဲ့။"

လင်ခုံးလုနှုတ်ဆိတ်သွားသည်။ ဒါကအဆင်ပြေတာလား။ မင်းချွေးစေးပြန်နေတယ်လေ။

"သူဘာဖြစ်သွားတာလဲ။"
ဒါကိုမြင်တော့ သူစနစ်ကိုမေးရုံသာတတ်နိုင်သည်။

ထူးခြားဆန်းကြယ်သောမိစ္ဆာအရှင်ကတစ်စုံတစ်ယောက်ကြောင့်ဒဏ်ရာရမှာမဟုတ်ဘူးဆိုတော့ သူ့ကိုယ်ပိုင်အမှားကြောင့်လား။ ဒါပေမဲ့အရင်ဘဝမှာဒီလိုကိစ္စမျိုးမရှိခဲ့ပေ။ ဇာတ်ညွှန်းအရဆို အရင်ဘဝမှာရှဲ့ကျင်းဟုန်ကမိစ္ဆာကိုယ်ကိုကျင့်ကြံပြီးနောက်မှာအမြဲတစေအလွန်သန်မာခဲ့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now