[၁၄၃] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

2.9K 535 14
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၁၅)။

အကြီးအကဲလုသေသွားတာမြင်တော့ မြူနက်ကလင်ခုံးလုကိုတိုက်ခိုက်လာပြန်သည်။ ဒဏ်ရာအပြင်းအထန်ရထားသည့်ထိုက်ချင်းဂိုဏ်း၏ဂိုဏ်းချုပ်ချီဟွာကရုတ်ခြည်းခက်ခက်ခဲခဲထရပ်ကာ ရှဲ့ကျင်းဟုန်၏လမ်းကြောင်းကိုဓားနှင့်ပိတ်တားပြီး လင်ခုံးလုကိုစိတ်ပူတကြီးပြောလာသည်။
"မြန်မြန်သွားတော့!"

လင်ခုံးလုထိရှသွားရပေမဲ့ သေချာပေါက်မထွက်သွားနိုင်ပေ။ နည်းဗျူဟာဆင်ပြီးနောက်မှာ နှစ်သက်မှုနှုန်းကအနုတ်မှအပေါင်းကိုပြောင်းလာပြီး မကောင်းတဲ့စိတ်တန်ဖိုးမှာလည်းအနည်းငယ်ကျသွားသည်။ ရှဲ့ကျင်းဟုန်ကသူ့ကိုထိခိုက်အောင်မလုပ်ပေ၊ ကူကောင်သားအမိလည်းပါရှိနေတာဆိုတော့ပိုဆိုးသည်။

ဒီတော့သူထွက်မသွားရင်အဆင်ပြေသည်၊ သူထွက်သွားရင် အကြီးအကဲချီဟွာသေသွားနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူကသူ့ကိုကယ်ဖို့သူ့အသက်ကိုစွန့်စားခဲ့သဖြင့် သူ့ကိုတစ်​ယောက်တည်းမထားခဲ့နိုင်ပေ။

ထို့အပြင် မြူနက်ကရစ်ပတ်ထားသဖြင့် သူထွက်သွားချင်ရင်တောင်အခုထွက်သွားလို့မရပေ။

ဒါပေမဲ့ရှဲ့ကျင်းဟုန်ကအရင်ဝတ်ရုံကိုဝတ်ထားတာဆိုတော့ သူမမှတ်မိချင်ယောင်ဆောင်ရမလား။ ဒါပေမဲ့မမှတ်မိရင် နည်းနည်းကန်းသွားသလိုမဖြစ်သွားဘူးလား။

အိုး၊ ဟုတ်သားပဲ၊ တစ်ဖက်လူ၏ခန္ဓာကိုယ်ကမိစ္ဆာစွမ်းအင်နှင့်ပြည့်နေပြီး သူ့တစ်ကိုယ်လုံးမှာအနက်ရောင်အရိပ်ထဲတွင်နစ်မြုပ်လို့နေသည်။ အမှန်တော့သူဝတ်ရုံပုံစံကိုမမြင်ရသဖြင့် သူမမြင်ချင်ယောင်ဆောင်လို့ရသည်။

လင်ခုံးလုသူ့ကိုမမှတ်မိချင်ယောင်ဆောင်လိုက်ပြီး ဂိုဏ်းချုပ်ချီဟွာရှေ့မှာသူလုပ်သင့်သလိုသရုပ်ဆောင်ကာ အံကြိတ်ပြီး ဓားကိုဆွဲထုတ်လိုက်သည်။

ဓားစွမ်းအင်ကသူ့ကိုရစ်ပတ်ထားသည့်မိစ္ဆာစွမ်းအင်ကိုဖြတ်တောက်ပစ်လိုက်ပြီးနောက် သူအကြီးအကဲချီဟွာရှေ့မှာပိတ်ရပ်ကာပြောလိုက်သည်။
"အကြီးအကဲ၊ မြန်မြန်သွားပါတော့၊ ဒီနေရာကိုကျွန်တော့်ဆီထားခဲ့လိုက်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now