Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁၄)။
ပြန်ပေးဆွဲခံရတယ်? စိတ်ခွဲ? ဒါကိုကြားသော်လင်ခုံးလုမသိမသာတောင့်တင်းသွားရသည်။
အထက်တန်းတုန်းကပြန်ပေးဆွဲခံရမှုကြောင့်လား? ဒါပေမဲ့အဲ့တုန်းက ဇာတ်ကြောင်း၏လိုအပ်ချက်များအရသူပြန်ပေးဆွဲခံလိုက်ရချိန်မှာသူဖုကျင်စစ်ဘေးကမတော်တဆဖြတ်သွားခဲ့ပြီး သူနှင့်အတူအောင်မြင်စွာပြန်ပေးဆွဲခံခဲ့သည်။ သူတို့ကလေးငါးရက်ကြာ"နာကျင်မှု"ကိုမျှဝေခံစားခဲ့ကြပြီး ဒီအတောအတွင်းမှာသူနှင့်ပတ်သတ်ပြီးမူမမှန်တာတစ်ခုမှမရှိခဲ့ပေ။
သို့သော်အိမ်တော်ထိန်း၏စကားလုံးများကသူ၏သံသယများကိုအတည်ပြုပေးလိုက်သည်ပင်။
"လွန်ခဲ့တဲ့ကိုးနှစ်တုန်းကပဲ။ အဲ့တုန်းကလူကြီးမင်းကအထက်တန်းပဲရှိသေးတယ်။ သူ့အဖိုးရဲ့စီးပွားပြိုင်ဘက်ဆီကပြန်ပေးဆွဲခံခဲ့ရတာလေ။ အဲ့အချိန်အတောအတွင်းမှာ သူအမျိုးမျိုးရိုက်နှက်နှိပ်စက်ညှင်းပန်းခံခဲ့ရတယ်။ သူကအပြစ်မရှိတဲ့အတန်းဖော်လေးတစ်ယောက်ကိုပါဆွဲသွင်းခဲ့မိတယ်။"
လင်ခုံးလု: ...အဲ့အတန်းဖော်လေးကကျွန်တော်လေ။
"အဲ့ဒီပြန်ပေးဆွဲခံရချိန်အတောအတွင်းမှာ လူကြီးမင်းကရူးသွားတဲ့အခြေအနေထိနှိပ်စက်ခံခဲ့ရပြီးတော့စိတ်ခွဲနှစ်ခုရှိလာခဲ့တယ်။ နှစ်ခုလုံးကသူတို့နာမည်ဟာဖုလင်ရှလို့ပဲပြောတယ်၊ ဖုကျင်စစ်ဆိုတဲ့နာမည်ကိုမမှတ်မိကြသည်။ သူတို့ကအဲ့အကြောင်းနဲ့ပတ်သတ်ပြီးတော့အချင်းချင်းတောင်ငြင်းခုံနေခဲ့ကြတာ။ သူကသူ့ဘယ်လက်နဲ့သူ့ကိုယ်သူထိုးတယ်၊ သူ့ညာလက်နဲ့သူ့ကိုယ်သူပြန်ထိုးနေခဲ့တာလေ...."
အိမ်တော်ထိန်းဒါကိုပြောလိုက်ချိန်မှာ သူ့မျက်လုံးများနီရဲသွားချေသည်။
လင်ခုံးလု: ....ခန္ဓာကိုယ်တစ်ခုထဲမှာရှိနေတုန်းအတွင်းပိုင်းမှာတိုက်ခိုက်နေကြတာလား။ ပြီးတော့ဖုလင်ရှဆိုတဲ့နာမည်....နည်းနည်းရင်းနှီးနေသလိုပဲ။
"အတန်းဖော်လေးကသူ့ချစ်သူကောင်လေးဖြစ်ပြီးတော့သူနဲ့တွဲနေတာဆိုပြီးတော့လည်းစိတ်ကူးယဥ်ခဲ့သေးတယ်၊ ဒါပေမဲ့အမှန်တော့သူကဖြတ်သွားချိန်မှာအပြစ်မရှိဘဲဆွဲသွင်းခံလိုက်ရတာလေ။ သူပြန်ပေးမဆွဲခံရခင်တုန်းကသူတို့နှစ်ယောက်လုံးဝမသိခဲ့ဘူး။"
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]
RomanceBOOK-1>Arc(1)-Arc(8) လင်ခုံးလုသည် ခွေ့ချွမ်းကမ္ဘာတွင် အမြှောက်စာဇာတ်ကောင်ဖြစ်ကာ အဓိကဇာတ်ဆောင်ထက်ပင်ပို၍ဆန်ကုန်မြေလေးဆန်ပေ၏။ သူအနားယူတော့မည်အချိန်တွင် ခေါင်းဆောင်ကရုတ်တရက်ပြောလာသည်။ "မင်းသွားခဲ့တဲ့ကမ္ဘာကတစ်ခုခုမှားနေတယ်။ မင်းထပ်သွားရမယ်။" လင်ခုံးလုတွ...