[၁၁၈] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.4K 679 37
                                    

!unicode!

လင်ခုံးလု၏စကားများကိုကြားလိုက်ရပြီးနောက် လင်ချင်းရွှီတစ်အောင့်ကြာဆွံ့အသွားရသည်။

နောက်တစ်နေ့၌ ယွီရှင်းရီကသူ့ကိုညစာစားရန်ဖိတ်လာပြန်သည်။ သူ၏မပြင်ဆင်ထားမှုကိုအခွင့်ကောင်းယူကာ သူတစ်ဖက်လူ၏မျက်လုံးအကာကိုလှမ်းချွတ်ပြီး သက်ပြင်းချမိသည်။
"ဒီလောက်ညိုမည်းစွဲနေတာကို၊ ဘာလို့ငါ့ရှေ့မှာမျက်နှာအဖတ်ဆယ်ဖို့ကြိုးစားနေသေးတာတုန်း?"

ယွီရှင်းရီအကာအကွယ်မဲ့သွားကာ အလျင်စလိုမျက်လုံးအကာပြန်တပ်ပြီး ရှက်ရွံ့မှုတစ်စွန်းအစဖော်ပြမိလေသည်။

ကံကောင်းစွာဖြင့် လင်ချင်းရွှီကခပ်မြန်မြန်ဆိုလာသည်။
"ခဏနေရင်ဆေးရုံမှာဆေးသွားထည့်၊ ထားလိုက်တော့၊ ငါ့မှာရှိသေးတယ်၊ ငါ့နေရာကိုသွားတာပေါ့။"

ယွီရှင်းရီအနည်းငယ်အံ့သြပျော်ရွှင်သွားရကာ အထိုးခံရတာတန်သည်ဟုရုတ်ခြည်းခံစားလိုက်ရပေမဲ့ ထို့နောက်လင်ချင်းရွှီသက်ပြင်းချလာသည်။
"ဒါပေမဲ့အဲ့ကလေးကတကယ်ခွန်အားကြီးတာပဲ။ သူကမင်းကိုဆယ်မိနစ်အတွင်းမှာအလဲသိပ်နိုင်ခဲ့တာနော်။"

ယွီရှင်းရီ၏မျက်နှာရုတ်ခြည်းမည်းတူးသွားရကာအံကြိတ်မိသည်။
"သူကမင်းကိုဒါပါပြောခဲ့တယ်ပေါ့။"

*

ထိုမနက်၊ စဲ့ရှီးအာလေ့ကျင့်ရေးကွင်းပြင်ထဲလျှောက်ဝင်သွားချိန်မှာ နည်းပြယွီကသူ့အပေါ်မနေ့ကထက်ရန်လိုနေမှန်းရှင်းလင်းစွာခံစားလိုက်ရသည်။

စဲ့ရှီးအာ: "?" နည်းပြကမနေ့ကရှုံးသွားပြီးနောက်မှာ သူရှုံးနိမ့်မသွားဘဲတကယ်ကြီးအငြိုးထားနေတာများလား။

"အရှင့်သားစဲ့ရှီးအာ၊ မာရှယ်ရဲ့ညွှန်ကြားချက်အရ ဒီနေ့ကစပြီး ကျွန်တော်မင်းကိုမက်ခါတိုက်နည်းနဲ့အခြားအရာတွေနဲ့ပတ်သတ်ပြီးသင်ပေးပါ့မယ်။ မင်းကမက်ခါတွေအကြောင်းသိပ်မသိဘူးဆိုတော့ ကျွန်တော်အရင်ဥပမာပြပါ့မယ်။"
ယွီရှင်းရီသူ့ကိုကြည့်လိုက်ပြီး မျက်နှာထားမှာအလွန်အဓိပ္ပါယ်ရှိလျက်။

စဲ့ရှီးအာမှာကွင်းပြင်အလယ်ကအသေးစားမက်ခါနှစ်စီးကိုမြင်ပြီးသားဖြစ်ကာ ၎င်းတို့ကိုမောင်းနှင်လိုစိတ်ဖော်ပြမရအောင်ခံစားလိုက်ရသဖြင့် ချက်ချင်းခေါင်းငြိမ့်ပြလိုက်မိသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now