[၁၅၁] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

2.8K 517 15
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂၃)။

ကျစ်ယွီသက်ပြင်းချမိကာ အရံအတားကိုတစ်ချက်လှမ်းကြည့်မိပြီးနောက် သူ့ကိုဒိုင်းကာအဖြစ်ကူညီပေးရန်တောင်းဆိုခဲ့သည့်ဝူလင်းယွင်ကိုကြည့်မိသည်။

ဝူလင်းယွင်မှာအလွန်စိတ်လှုပ်ရှားနေပြီး သူ့ကိုဘေးသို့ဆွဲခေါ်သွားကာပြောလာသည်။
"ကြည့်လေ၊ ဆရာတပည့်ကြားကအချစ်ကပုံမှန်ပါပဲလို့ညီမပြောသားပဲ။"

ကျစ်ယွီကသူမကိုထူးဆန်းသောအကြည့်တစ်ချက်ပေးကာတီးတိုးဆိုမိသည်။
"ဘာကပုံမှန်လဲ။ ပြီးတော့လိင်တူဖြစ်...."

ဝူလင်းယွင်ကချောင်းအသာဟမ့်ကာ ခုန်းရှန်၏လေသံကိုတုပပြီးပြောလိုက်သည်။
"မင်းတအားခေတ်နောက်ကျတာပဲ။ မင်းရဲ့လိင်နဲ့ပတ်သတ်ပြီးတအားတင်းကြပ်နေစရာမလိုဘူး။"

ထို့အပြင်သူမ၏ရှစ်စွင်းမှာသူမနှင့်လိင်တူပေမဲ့လို့ အခြေအနေမှာတော့လင်ချန်ပေ့နှင့်ရှဲ့ရှစ်ရှုန်းတို့နှင့်မတူပေ။

ထိုစဥ်ခုန်းရှန်ကသူတို့ကိုတစ်ချက်လှမ်းကြည့်မိပြီး အကြောင်းတချို့ကြောင့်သူမမျက်နှာထားမှာပိုမိုဆိုးဝါးလာကာ ရုတ်တရက်သူမဝူလင်းယွင်ကိုလှမ်းခေါ်လိုက်သည်။

ဒါကိုမြင်တော့ဝူလင်းယွင်ကကျစ်ယွီ၏ပုခုံးကိုချက်ချင်းပျော်ရွှင်စွာပုတ်ကာသူ့ကိုကျေးဇူးတင်လိုက်သည်။
"ဒီအကွက်အသုံးဝင်မယ်မှန်းသိသားပဲ။ ကျေးဇူးပဲနော်၊ ကျစ်ရှစ်ရှုန်း။"

ကျစ်ယွီ: "......"

သူရုတ်ခြည်းသက်ပြင်းချမိသည်။
သူ့လိုမျိုးကျင့်ကြံဖို့ပဲသိတဲ့တပည့်ကောင်းကပုံမှန်မဟုတ်ဘူးလား။

အရံအတားပွင့်သွားချိန်တုန်းကလင်ခုံးလုနိုးနေပေမဲ့ ရင်ထဲမှာရှက်ရွံ့မိသဖြင့် မနိုးချင်ယောင်ဆောင်ခဲ့ခြင်းပင်။

ရှဲ့ကျင်းဟုန်ကအရေးမစိုက်ပေ၊ ဂိုဏ်းချုပ်ချီဟွာကအရံအတားပြန်တည်ပေးသွားမှန်းသူသတိထားမိသဖြင့် ဘာမှမဖြစ်ချင်ယောင်ဆောင်ကာ လင်ခုံးလု၏နားရွက်ကိုနမ်းရှိုက်လိုက်ပြီးနောက် သူ့နှုတ်ခမ်းများကိုနမ်းလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now