[၁၂၇] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3K 590 2
                                    

!unicode!

ဟားရစ်၏မျက်နှာရုတ်ခြည်းအရုပ်ဆိုးလာကာ အံကြိတ်ပြီးပြောမိသည်။
"အန်းယာ၊ မင်းကပုန်ကန်နေတာပဲ!"

အန်းယာကသူ့ကိုအေးစက်စက်မျက်နှာထားဖြင့်ကြည့်လိုက်သည်။
"မဟုတ်ဘူး၊ ဒီအစောင့်တွေကသူတို့တာဝန်ကိုထမ်းဆောင်ပြီး ဇာ့ဂျ်စပိုင်တွေကိုရှင်းထုတ်နေကြရုံပဲ။"

"ဇာ့ဂျ်စပိုင်တွေကိုရှင်းထုတ်တာ?"
ဟားရစ်ရယ်မောလိုက်မိပြီးမှ စားပွဲကိုဖြန်းခနဲရိုက်ချကာထရပ်ပြီး သူမကိုလက်ညိုးထိုးကာပြောလိုက်သည်။
"လူတွေရဲ့ဆန္ဒကိုတုံ့ပြန်တယ်ဆိုမှတော့ လူတွေရဲ့ဆန္ဒကမင်းကိုလည်းစစ်ဆေးကြည့်ခိုင်းမှာပဲ၊ မင်းကိုယ်မင်းဘာလို့မစစ်ဆေးကြည့်တာလဲ။"

သူတို့ကအချိန်အတော်ကြာအောင်အနှုတ်ဆောင်နေခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက်နှစ်ပေါင်းများစွာအဆက်အဆံမလုပ်ခဲ့ပေ။ သဘာဝ​ကျကျပင်၊ အသနားခံမှုထဲမှာဧကရီအန်းယာလည်းဖော်ပြခံရသည်။

"ကျွန်မမစစ်ဆေးကြည့်ခဲ့ဘူးထင်လို့လား။" အန်းယာအလွန်အမင်းရွံရှာသောမျက်နှာထားဖြင့်မျက်မှောင်ကြုတ်လိုက်သည်။
"မာရှာပူးကပ်ခံထားရလောက်မှန်းသိလိုက်ရတုန်းကကျွန်မကိုယ်ကျွန်မစစ်ဆေးကြည့်ခဲ့ပြီးပြီ။ အဆုံးမှာတော့ရှင်ကတအားရွံစရာကောင်းတာပဲ။ ကျွန်မကရှင်နဲ့ဒီလောက်နှစ်တွေအကြာကြီးရုပ်ပိုင်းဆိုင်ရာအထိအတွေ့မရှိခဲ့တာတောင် ရှင်ကညစာအတူစားဖို့တွန်းအားပေးနေတုန်းပဲ။"

"မင်း!" ဟားရစ်ဒေါသဖြင့်အကျည်းတန်သွားရသည်။

"ဒါပေမဲ့လည်း အရှင်မင်းကြီးစိတ်ပျက်စေမိ​ပြီ၊ ကျွန်မကမပူးကပ်ခံထားရဘူး၊ ဒါပေမဲ့ အရှင်မင်းကြီးကတော့ပူးကပ်ခံထားရမလား​ပြောရခက်တယ်။"
အန်းယာထပ်ပြောလိုက်သည်။

"မင်း၊ မင်း....အဆိပ်ပြင်းတဲ့မိန်းမ!" ဟားရစ်ချက်ချင်းဒေါသတကြီးကျိန်ဆဲလိုက်မိသည်။
"ကိုယ်တော်မင်းကိုလက်ထပ်ခဲ့မိတာကိုကိုယ်တော်တကယ်နောင်တရမိတယ်။ မင်းကဒီလောက်ရက်စက်ပြီးတော့ သူ့ရဲ့ခမည်းတော်အရင်းခေါက်ခေါက်ကိုသတ်ပစ်ချင်နေမှန်းစဲ့ရှီးအာသိရဲ့လား။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now