[၁၄၇] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

2.9K 553 5
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၁၉)။

သူမူမမှန်မှုကိုသတိထားမိသည့်အချိန်မှရှဲ့ကျင်းဟုန်၏ကူတွဲခြင်းခံလိုက်ရသည်အထိ အသက်ရှုမှုအနည်းငယ်အတွင်းမှာ လင်ခုံးလုတစ်ယောက်မီးပူပူဖြင့်မီးမြိုက်ခံနေရသည့်အလားခံစားလိုက်ရပြီး သူကိုင်ထားသည့်လက်များမှာအံ့သြစရာကောင်းစွာပူလောင်လာသည်။

ရှဲ့ကျင်းဟုန်လည်းအပူကိုခံစားမိပေမဲ့ သူကသည်းခံနိုင်သေးသည်။ သူလင်ခုံးလုကိုရင်ခွင်ထဲပွေ့ဖက်ကာ မသိမသာရှက်သွေးဖြာလျက်ဆိုမိသည်။
"ကူကောင်ကရှစ်စွင်းရဲ့ခံစားချက်တွေကိုကျွန်တော့်ဆီလွှဲပေးတာဖြစ်မယ်။ ဒီနေရာကကိုယ်ဝန်ဆောင်အတွက်မသင့်တော်ဘူး၊ ရှစ်စွင်း၊ ကျွန်တော်ရှစ်စွင်းကိုအရင်ပြန်ခေါ်သွားမယ်။"

သူပြောရင်း လင်ခုံးလုကိုအလျားလိုက်ပွေ့ကာတစ်အောင့်ကြာတွေးလိုက်မိသည်--

ဟင်? ဘာဖြစ်တာပါလိမ့်? ခန်းရွှမ်ဂိုဏ်းကိုပြန်မသွားဘူးလား။ ခုနကသူစိတ်ပြောင်းသွားတော့ လျို့ဝှက်နယ်မြေထဲကမိစ္ဆာဂူထဲကိုသူ့ရှစ်စွင်းနှင့်အတူရောက်လာခဲ့တယ်။ ဒီနည်းလမ်းကဘာလို့ရုတ်တရက်ကျရှုံးသွားတာလဲ။

သူဟာအိပ်မက်ထဲကနေရာရွှေ့ပြောင်းနည်းလမ်းကိုသုံးရန်ကြိုးစားနေမှန်းလင်ခုံးလုမသိဘဲ စိတ်ထဲမှာတွေးလိုက်သည်: မင်းကူကောင်သားအမိကိုမှတ်မိနေသေးတာပဲ။

ဒါပေမဲ့ရှဲ့ကျင်းဟုန်ကလည်းပိုးအိမ်ထဲမှာပိတ်မိနေခဲ့တာမ်ို့ သူလည်းဒီလိုအဆိပ်မျိုးမိနေခဲ့တာလား။ အဲ့ဒါတင်ကမဘဲတစ်ဖက်လူဟာလည်းကူကောင်သားအမိကနေ ပျော်ရွှင်မှု၁.၈ဆနှင့်ညီမျှတဲ့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်၈၀ရာခိုင်နှုန်းတောင့်ခံနေရမှာစိုးတယ်၊ သူကဘာလို့သူ့ထက်ပိုတောင့်ခံနေနိုင်ရတာလဲ။

လင်ခုံးလု၏နှဖူးချွေးပြန်သွားကာသူ့မျက်နှာနီစွေးနေပေမဲ့ သူ့ရင်ထဲမှာမကျေမနပ်ဖြစ်ကာအံကြိတ်လိုက်မိသည်။

အမှန်တော့ရှဲ့ကျင်းဟုန်မှာတောင့်ထားနိုင်စွမ်းမရှိတော့ပေ။ နေရာပြောင်းအစီအရင်ကျရှုံးသွားပြီးနောက် သူ့အသက်ရှူနှုန်းမတည်မ​ငြိမ်ဖြစ်လာကာ သူ့ပုံရိပ်ယိုင်ကျသွားပြီး သူဟာလင်ခုံးလုကိုရင်ခွင်ထဲမှာပွေ့လျက်သားဖြင့်ဒူးတစ်ဖက်ထောက်ကျသွားသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now