[၁၁၇] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.6K 677 14
                                    

!unicode!

"မလိုပါဘူး။" လင်ခုံးလုကစဲ့ရှီးအာ၏ကြင်နာမှုကိုငြင်းပယ်ကာ တစ်ဖက်လူထံမှမြှောက်ထားသည့်သွေးအိတ်ကိုယူပြီး လက်တစ်ဖက်တည်းဖြင့်ကိစ္စရှင်းရန်ကြံရွယ်လိုက်သည်။

စဲ့ရှီးအာပေကပ်ကပ်ဖြင့် ထွက်သွားရန်ငြင်းဆန်ကာထပ်မေးလိုက်သည်။
"တကယ်မလိုဘူးလား။"

လင်ခုံးလုဗလာမျက်နှာထားဖြင့်ပြောလိုက်သည်။
"မလိုဘူး၊ မင်းအရင်အပြင်ထွက်နှင့်။"

"အိုး။" စဲ့ရှီးအာအနည်းငယ်နှမြောတသဖြစ်သွားပေမဲ့ ဒီအခိုက်အတန့်မှာသူဘာလို့နှမြောသွားရမှန်းမသိသေးသဖြင့် ဒီတိုင်းအလေးအနက်အသိပေးလိုက်သည်။
"မင်းဘောင်းဘီကိုလက်တစ်ဖက်ထဲနဲ့ကိုင်ထားရတာအဆင်မပြေဖြစ်နိုင်တယ်နော်။"

လင်ခုံးလု၏မျက်နှာလုံးဝမည်းတူးသွားရကာ အံကြိတ်လျက်ပြောလိုက်သည်။
"အခု ချက်ချင်း ထွက်သွား!"

"....အိုး။"
စဲ့ရှီးအာပေကပ်နေမိပြီး သူစိတ်ပူနေသော်ငြား အပြင်ထွက်လာလိုက်ရသည်။

လင်ခုံးလုသက်မချမိပြီး သူ့ဘဝမှာအလျင်လိုဆုံးကိစ္စကိုဖြေရှင်းပြီးနောက်ဆေးရုံကုတင်ပေါ်ပြန်သွားလိုက်သည်။

စဲ့ရှီးအာမှာဆေးရုံကမထွက်သွားဘဲ ခဏကြာတော့သူ့ကိုခွဲထားသည့်သစ်သီးနောက်တစ်ပန်းကန်ယူလာပေးသည်။

လင်ခုံးလု: "...." ဒီကောင်တမင်လုပ်နေတာလို့သံသယဝင်လာမိပြန်ပြီ။ ဒီတော့သူကအသီးများများကျွေးပြီး ငါ့ကိုသန့်စင်ခန်းများများသွားစေချင်နေတာမလား။

ဒါပေမဲ့ဒီဟာကစဲ့ရှီးအာကိုမှားယွင်းစွပ်စွဲလိုက်ခြင်းပင်။ သူကဒီတိုင်းဘာမှလုပ်စရာမရှိသဖြင့် မနေနိုင်ဘဲသူ့ချစ်သူကိုထပ်ကျွေးချင်မိတာဖြစ်သည်။

လင်ခုံးလုကသူမစားချင်ကြောင်းဖော်ပြပြီးနောက် သူ့ကိုချော့ကျွေးရန်အသီးကိုဝံပုလွေလေး၏ခေါင်းအဖြစ်တမင်ပုံဖော်လှီးသည်၊.... ဝံပုလွေနားရွက်ကယုန်နားရွက်နှင့်တူသွားပေမဲ့ပေါ့။

လင်ချင်းရွှီတစ်ယောက်အခြေအနေကိုစစ်ဆေးရန်wardထဲဝင်လာချိန်မှာ စဲ့ရှီးအာကအသီးကိုသွားကြားထိုးတံဖြင့်ထိုးထားပြီး သူ့ကိုယ်သူနှင့်လင်ခုံးလုကိုတစ်ကိုက်ပြီးတစ်ကိုက်ကျွေးနေတာကိုသူမြင်လိုက်ရပေရာ သူတစ်ခါတည်းငြီးငွေ့သွားရလေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now