[၁၁၅] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.4K 673 9
                                    

!unicode!

"ထားလိုက်ပါ၊ ယာယီပါပဲ။" လင်ချင်းရွှီတစ်ယောက်ယောက်ကိုထပ်ရိုက်မှာစိုးသဖြင့် လင်ခုံးလုကြိုးစားနားချလိုက်ပြီးမှပြောလိုက်သည်။
"ဦးလေး၊ ကျွန်တော့်မားကိုတွေ့ချင်တယ်။"

သူ့ညီမအကြောင်းပြောလာတာကိုကြားသော် လင်ချင်းရွှီ၏အသားအရောင်နောက်ဆုံးမှာတိုးတက်လာပြီး ပြောလိုက်သည်။
"အင်း၊ ငါအရင်စီစဥ်ထားလိုက်မယ်။"

လင်ချင်းကျား၏ဖြစ်ရပ်အပြီးမှာ သူမကိုလင်ခုံးလုစီစဥ်ထားခဲ့သည့်လူတို့ကကာကွယ်ပေးထားကြပြီးနောက် လင်ချင်းရွှီပြန်လာပြီး သူမကိုစစ်သုတေသနသင်တန်းကျောင်း၏ဆေးရုံခွဲကိုပို့ပေးလိုက်သည်။

ဒီဟာကြောင့် လော့တင်းနှင့်သူ့မိန်းမမှာသူမကိုထပ်မံတိုက်ခိုက်ရန်အခွင့်အလမ်းမရှိသည့်အပြင် ရဲကလည်းသူတို့နှစ်ယောက်ကိုသံသယဝင်နေသဖြင့် ခြုံပြောရရင်သူတို့အလျင်စလိုမလုပ်ရဲပေရာ လင်ချင်းရွှီကိုအခွင့်အရေးရသွား​စေသည်။

တစ်ခုတည်းသာ.....

wardထဲဝင်ပြီးနောက် လင်ခုံးလုလက်မြှောက်ကာလုံခြုံရေးအကာကိုပွတ်သပ်လိုက်မိပြီး အခန်းထဲကပိန်းပါးကာဖြူဖျော့ပြီးအတွေးထဲနစ်နေပုံရသည့်လင်ချင်းရွှီကိုကြည့်လိုက်မိသည်။

"သူမတကယ်မနိုးလာနိုင်တော့ဘူးလား။" သူနူးညံ့စွာရေရွတ်မိပြီး လင်ချင်းရွှီမတိတ်ဆိတ်သွားခင်တုန်းကသူ့မှာလျို့ဝှက်ချက်တချို့ရှိလောက်မည်ဟုအမြဲထင်နေခဲ့သည်။

လော့တင်းမှာရွှယ်ဝမ်ဟုခေါ်သည့်အချစ်စစ်ရှိပြီး သူတို့မှာလင်ခုံးလုထက်နှစ်ဝက်သာငယ်သည့်တရားမဝင်သားတစ်ယောက်ရှိနေမှန်းလင်ချင်းကျားသိလိုက်ရစဥ်က သူမဟာရှယ်ယာများကိုစုပြီး ဆန္ဒတစ်ခုပင်ကြိုလုပ်ထားခဲ့ကာ သူမမထင်မှတ်ထားစွာဆုံးပါးသွားခဲ့ရင် ရှယ်ယာများနှင့်ကိုယ်ရေးကိုယ်ရာအမွေပစ္စည်းများကိုလင်ခုံးလုပိုင်ဆိုင်သည်ဟုပြောကြားခဲ့သည်။

လော့တင်းကကုမ္ပဏီကိုသိမ်းပိုက်ချင်ရင် လင်ချင်းကျားကိုအရင်ငြိမ်အောင်လုပ်ပြီးမှ ဖြည်းညှင်းစွာလှုပ်ရှားမှာဖြစ်သည်။ ပါးစပ်ကိုတန်းပိတ်ပစ်တာက အမွေမလိုချင်လို့လား။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now