[၉၁] သူဌေးကြီးနှင့်အစားထိုးခံ။

4.4K 719 10
                                    

!unicode!

ကုစစ်စကားလုံးအနည်းငယ်ပိုပြောချင်ပေမဲ့ ပြောပြီးနောက် စကားလုံးများမှာပေါ့ဆလွန်းသယောင်ခံစားလိုက်ရသည်။

သူ့မှာဘယ်လိုလုပ်အကြောင်းပြချက်ရှိနိုင်မှာလဲ။ ငယ်ငယ်တုန်းကထိုဖြစ်ရပ်အပေါ်သူ့အမြင်မှာ ပိန်ပါးပါးကလေးငယ်တစ်​​​​​ယောက်ကသူ့ကိုကျောပေါ်ချီသယ်သွားခြင်းသာဖြစ်ပြီး ယွီမင်ရှို့လက်ထဲလက်ကောက်ဘယ်လိုရောက်သွားလဲဆိုတာသူသိပင်မသိပေ။

ဒါကိုတွေးမိရင်း သူ့မျက်နှာထားမှာပိုမိုအပြစ်ရှိစိတ်ရှိသထက်ရှိလာပြီး မသက်မသာဖြစ်သွားရကာ လင်ခုံးလုနှင့်ချိတ်ထားသောလက်များမှာမနေနိုင်ဘဲအားအနည်းငယ်တိုးလိုက်မိသည်။

သူ့မျက်နှာထားကိုမြင်သော် လင်ခုံးလုကူကယ်ရာမဲ့သွားကာရယ်ချင်လာသည်။

လူမှားဝန်ခံတာကအတိတ်ဘဝတုန်းကကိစ္စဖြစ်ပြီး ဇာတ်ညွှန်းကစီစဥ်ထားခြင်းဖြစ်ကာ သူကဇာတ်ကြောင်းအတိုင်းလိုက်လုပ်ရုံသက်သက်သာဖြစ်သည်။ ထို့အပြင် ထိုအချိန်တုန်းကကုစစ်မှာကလေးသာဖြစ်နေသေးပြီး သူ့မိခင်ထံမှတွန်းချခံခဲ့ရသောကြောင့် ခေါင်းထိကာအတိတ်မေ့သွားခဲ့သည်။ ထိုရုပ်ဆိုးသောလက်ကောက်ဘယ်ကရောက်လာမှန်းသူသေချာပေါက်မမှတ်မိတာမို့ သူများကိုသာမန်ကာလျှံကာပေးပစ်တာကပုံမှန်ဖြစ်သည်။

အခုဆိုလင်ခုံးလုဒီကိစ္စကိုစိတ်မခုပေမဲ့--

သူကုစစ်၏မေးစေ့နှင့်နှုတ်ခမ်းထောင့်များကပွန်းပဲ့ရာများ၊ သူ့လက်ဖမိုးနှစ်ဖက်ပေါ်မှာစည်းထားသည့်ပတ်တီးနှင့်....သူ၏ယောင်ရမ်းနေသောခြေကျင်းဝတ်ကိုကြည့်ကာ သူသက်ပြင်းနင့်နင်နဲနဲချမိလျက် ပြောလိုက်သည်။
"ငါယင်းရှမှာရှိနေသေးတုန်းက မင်းတိတ်တိတ်လေးထွက်သွားပြီးတော့မြို့တော်ကိုပြန်သွားတယ်လို့ ယွီမင်ရှို့ကပြောတယ်၊ အဲ့ဒါဘာကိုဆိုလိုတာလဲ။"

ကုစစ်မသိမသာတောင့်တင်းသွားရကာ သူခေါင်းစဥ်ပြောင်းပြီး ရုတ်တရက်ထိုအကြောင်းမေ့လာလိမ့်မည်ဟုမထင်ထားမိပေ။

လင်ခုံးလုသူ့အဖြေကိုမစောင့်ဘဲ စိုးရိမ်တကြီးမေးမိသည်။
"ဒီတော့ယွီမင်ရှို့ကဗီလာထဲမှာအဲ့ကိစ္စတွေကိုလုပ်နေမှန်းမင်းသိရက်သားနဲ့ ငါ့ကိုမပြောဘဲ မင်းဘာသာမင်းဖြေရှင်းဖို့စီစဥ်ထားတာပေါ့?"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now