[၁၃၇] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3K 623 14
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၉)။

ရှဲ့ကျင်းဟုန်ကျင့်စဥ်၈၀ရာခိုင်နှုန်းသာပြန်ရလာသေးသည့်အပြင် သူ့ပင်မခန္ဓာကိုယ်ကဘေးအခန်းမှာရှိနေသော်ငြား သူဒီတိုင်းမိစ္ဆာစွမ်းအင်ကိုထိန်းချုပ်ကာသွားစေလိုက်ပေမဲ့ စွမ်းအားကြီးမိစ္ဆာစွမ်းအင်ကလင်ခုံးလုကိုသေအောင်ဖိနှိပ်ထားကာ သူ့ဓားကိုထပ်မသုံးနိုင်အောင်လုပ်နေလေသည်။

လင်ခုံးလု: ဖာ့ခ်!

မိစ္ဆာစွမ်းအင်ကသူ့လက်ကောက်ဝတ်တလျှောက်သူ့ခန္ဓာကိုယ်ထဲဝင်လာသဖြင့် သူအရင်ဆုံးဖယ်ရှားလိုက်ရုံသာတတ်နိုင်ပေမဲ့ ဒီနည်းဖြင့်သူ့မှာလှုပ်ရှားရန်အချိန်မရလိုက်ပေ။

အနက်ရောင်မြူပမာပုံရိပ်ကသူ့ကိုအနောက်မှချုပ်ထားပုံမှာ သူ့လည်တိုင်ကိုအနမ်းခပ်ဖွဖွခြွေနေသည့်ချစ်သူပမာ၊ ဒါပေမဲ့နောက်တစ်ခဏတွင် မြူထဲမှသံကြိုးပမာမိစ္ဆာစွမ်းအင်များစုဝေးလာပြီး သူ့​​ခြေလက်များကိုခပ်​မြန်မြန်ချုပ်နှောင်လာပြီးနောက် သူ့ခြေကျင်းဝက်နားကမိစ္ဆာစွမ်းအင်များကရုတ်တရက်ဆွဲချပစ်လိုက်သည်။

လင်ခုံးလုရုတ်ခြည်းဟန်ချက်ညီမှုပျောက်ဆုံးသွားကာ ဗလုံးဗထွေးညည်းသံဖြင့်ကြမ်းပြင်ပေါ်လဲကျသွားသည်။

အနက်ရောင်အရိပ်ပျံ့ကြဲကာစုဝေးသွားပြန်ပြီး သူ့ကိုအုပ်မိုးလာပြီးနောက် အနက်ရောင်မိစ္ဆာလက်တစ်ဖက်ဆန့်တန်းလာပြီး သူ၏သွယ်လျလျလည်တိုင်ဖြူကိုညှစ်လာကာ မိစ္ဆာအရှင်၏အသံကမြူထဲမှထွက်လာသည်။
"သိပ်သနားစရာကောင်းတာပဲ၊ ရှန်းကျွင်းရဲ့၊ မလိမ်မာဘဲထွက်ပြေးသွားတဲ့ကျွန်အတွက်အပြစ်ဒဏ်ရှိတယ်ဆိုတာမင်းသိရဲ့လား။"

လင်ခုံးလုခေါင်းမော့ရန်တွန်းအားပေးခံလိုက်ရပေမဲ့မျက်လွှာချကာသူ့ကိုလျစ်လျူရှုထားပြီး သူ့ကိုယ်ထဲကမိစ္ဆာစွမ်းအင်ကိုဖယ်ရှားရန်ကြိုးစားကာတွေးလိုက်မိသည်: အပြစ်ဒဏ်၊ မင်းငါ့ကိုနာကျင်အောင်လုပ်ရင် ငါလဲမင်းကိုနာကျင်အောင်လုပ်မှာပဲ။

သူကားလည်ပင်းညှစ်ခံထားရသည့်ကြိုးကြာပမာ ရုန်းကန်မှုကိုလက်လျော့အရှုံးပေးထားသဖြင့် သူဟာတစ်မျိုးတစ်ဖုံကျိုးပဲ့လွယ်လို့နေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now