[၇၄] သူဌေးကြီးနှင့်အစားထိုးခံ။

6.1K 1K 20
                                    

!unicode!

လင်ခုံးလုဟိုတယ်ခန်းထဲကထွက်သွားသည်နှင့် ကုစစ်သူ့အပြုံးကိုချုပ်တည်းကာ သူ့မျက်နှာထားကိုတဖြည်းဖြည်းချင်းပြောင်းလဲလိုက်သည်။

သူလင်ခုံးလုထွက်သွားတုန်းကပိတ်သွားသည့်တံခါးကိုနက်နဲစွာစိုက်ကြည့်လိုက်ပြီးမှ ရေချိုးခန်းထဲဝင်သွားကာ မှန်ထဲတွင်ရင်းနှီးပေမဲ့မရင်းနှီးသည့်မိမိကိုယ်ကိုစိုက်ကြည့်လိုက်မိသည်။

သူအနည်းငယ်ထူးဆန်းသွားပုံရကာ တစ်အောင့်ကြာမှရယ်မောလိုက်မိသည်။

တကယ်ပြန်မွေးဖွားလာတဲ့ပုံပဲ၊ သူဟာအာဏာရှင်လေး(ရှောင်ပါ့)ကိုပထမဆုံးတွေ့ခါစအချိန်ကိုတကယ်ပြန်ရောက်လာခဲ့သည်ပင်။

ကုစစ်လက်မြှောက်ကာသူ့မျက်လုံးကိုအုပ်ပြီး မိမိ၏ကိုယ့်ကိုယ်ကိုနှိမ့်ချမှုကိုအနည်းငယ်ရယ်သွမ်းလိုက်မိသည်။

သူ့အရင်ဘဝပထမဆုံးနှစ်အနည်းငယ်တွင် သူ့ဘဝမှာချောမွေ့နေခဲ့သည်၊ သူ့ကိုမပျော်မရွှင်လုပ်ရဲသည့်ဘယ်သူ့ကိုမဆို သူ့လက်ဝေ့ရမ်းပြကာ လူတို့ကိုဖြေရှင်းခိုင်းလိုက်သည်။

သူ့ကိုခလုတ်တိုက်မိစေသည့်တစ်ဦးတည်းသောလူတစ်ယောက်မှာ ခုနကသူ့ကိုဂရုစိုက်ပေးမည်ဟုပြောသွားသည့်ရှောင်ပါ့ဖြစ်သည်။

ဂုဏ်သိက္ခာရှိသောကုအုပ်စု၏ခေါင်းဆောင်မှာအတိတ်မေ့သွားပြီး မွေးစားခံလိုက်ရပြီး သူ့ကိုမွေးစားခဲ့သည့်လူကိုနှိမ့်ကျရိုကျိုးစွာသဘောကျနှစ်သက်သွားခဲ့သည်။ ဒီကိစ္စသာCမြို့တော်ဆီပြန်တင်ပြခံလိုက်ရရင် သူ့ပြိုင်ဘက်များရယ်သေသွားလောက်သည်။

သူဝင်ပူးခံလိုက်ရသည့်အလား တစ်ဖက်လူကိုနှစ်သက်သွားလိမ့်မည်ဟုကုစစ်မထင်ထားခဲ့မိပေ။ ပို၍ဝမ်းနည်းစရာကောင်းတာက သူမှတ်ဉာဏ်ပြန်ရလာပြီးနောက်ပိုင်းမှာတောင် သူဒီခံစားချက်မှရုန်းမထွက်နိုင်သေးပင်။

သူ့သူငယ်ချင်းယွီမင်ရှို့ကသူ့ကိုအမှန်တရားပြောပြလာချိန်တွင် သူလင်ခုံးလုကိုတကယ်သဘောမကျဟုပြောခဲ့ပေမဲ့ သူမှတ်ဉာဏ်ပျောက်သွားပြီးနောက်ပိုင်းသူလှည့်စားခံခဲ့ရပြီး သူမှတ်ဉာဏ်ပြန်ရလာချိန်မှာ သူသူ့ကိုအလွန်မုန်းတီးကာ သူ့ကိုအကြင်နာတရားမဲ့စွာဆက်ဆံလောက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now